မြန်မာမင်းဆက်များ
*ပထမတကောင်းမင်းဆက်၊
*ဒုတိယတကောင်းမင်းဆက်၊
*သရေခေတ္တရာပထမမင်းဆက်၊
*သရေခေတ္တရာဒုတိယမင်းဆက်၊
*ပုဂံမင်းဆက်၊
*ပင်းယမင်းဆက်၊
*စစ်ကိုင်းမင်းဆက်၊
*မဂဒူး မင်းဆက်၊
*အင်း၀မင်းဆက်၊
*တောင်ငူမင်းဆက်၊
*မွန်မင်းဆက်၊
*ရခိုင်မင်းဆက်၊
*ညောင်ရမ်းမင်းဆက်၊
*ကုန်းဘောင် မင်းဆက်
ပထမ-တကောင်းမင်းဆက်
----------------------------------
1. အဘိရာဇာ
2. (သား) ကံရာဇာငယ်
3. (သား) ဇမ်ဗူဒီပရာဇာ
4. (သား) သင်္ဃသရာဇာ
5. (သား) ဝိပ်ပန်နရာဇာ
6. (သား) ဒေ၀တရာဇာ
7. (သား) မုနိကရာဇာ
8. (ဘထွေး) နာဂရာဇာ
9. (ညီ) ဣန္ဒရာဇာ
10. (သား) သမုတိရာဇာ
11. (သား) ဒေ၀ရာဇာ
12. (သား) မဟိန်ဒရာဇာ
13. (သား) ဝိမလရာဇာ
14. (သား) သီဟနုရာဇာ
15. (သား) မင်္ဂလရာဇာ
16. (သား) ကံသရာဇာ
17. (သား) ကလိင်္ဂရာဇာ
18. (သား) သင်းတွဲရာဇာ
19. (သား) သီဟဠရာဇာ
20. (ညီ) ဟံသရာဇာ
21. (သား) ဝရရာဇာ
22. (သား) အလောင်းရာဇာ
23. (သား) ကောလကရာဇာ
24. (သား) သူရိယရာဇာ
25. (သား) သင်ကြီးရာဇာ
26. (သား) တိုင်းချစ်ရာဇာ
27. (သား) မဓုရာဇာ
28. (သား) မင်းလှကြီးရာဇာ
29. (သား) သံသုသီဟရာဇာ
30. (သား) ဓနင်္ဂရာဇာ
31. (သား) ဟိန်ဒရာဇာ
32. (သား) မောရိယရာဇာ
33. (သား) ဘိန္နကရာဇာ တို့ဖြစ်သည်။
ဒုတိယ-တကောင်းမင်းဆက်
------------------------------------
1. သတိုးဇမ္ဗူဒီပဓဇရာဇာမင်း
2. သတိုးတိုင်းသ ရာဇာမင်း
3. သတိုးရထားရမင်း
4. သတိုးတံခွန်ရမင်း
5. သတိုးလှံပျံရမင်း
6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)
7. သတိုးဂဠုန်ရမင်း
8. သတိုးနဂါးရမင်း
9. သတိုးနဂါးနိုင်မင်း (-မောင်ပေါက်ကျိုင်း)
10.သတိုးရဟောလာမင်း
11.သတိုးပေါင်းရှည်မင်း
12.သတိုးကျောက်ရှည်မင်း
13.သတိုးဆင်လောက်မင်း
14.သတိုးဆင်ထိန်းမင်း
15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား
16.သတိုးမင်းကြီးမင်း
17.သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။
သရေခေတ္တရာ-ပထမမင်းဆက်
---------------------------------------
1.မဟာသမ္ဘာ၀ (သာသနာနှစ်-၆၀) (BC-484)
2.(ညီ) စူဠာသမ္ဘာ၀ (သာသနာနှစ်-၆၆) (BC-478)
3.(သား) ဒွတ္တဘောင် (သာသနာနှစ်-၁၀၁) (BC-443)
4.(သား) ဒွတ္တရန် (သာသနာနှစ်-၁၇၁) (BC-373)
5.(သား) ရန်ပေါင် (သာသနာနှစ်-၂၁၆) (BC-328)
6.(သား) ရန်မန် (သာသနာနှစ်-၂၆၁) (BC-283)
7.(သား) ရက္ခန် (သာသနာနှစ်-၃၀၈) (BC-236)
8.(သား) ခန်လောင်း (သာသနာနှစ်-၃၃၆) (BC-208)
9.(သား) လက်ခိုင် (သာသနာနှစ်-၃၆၉) (BC-175)
10.(သား) သိရိခန် (သာသနာနှစ်-၃၉၉) (BC-145)
11.(သား) သီရိရာဇ် (သာသနာနှစ်-၄၂၇) (BC-117)
12.ငတပါး (သာသနာနှစ်-၄၄၆) (BC-98)
13.(သား) ပါပိရန် (သာသနာနှစ်-၄၉၇) (BC-47)
14.(သား) ရန်မုက္ခ (သာသနာနှစ်-၅၁၇) (BC-27)
15.(သား) ရန်သိင်္ခ (သာသနာနှစ်-၅၃၂ (BC-12)
16.(သား) ရန်မုဉ္ဇလိန္ဒ (သာသနာနှစ်-၅၃၅) (BC-9)
*[သာသနာနှစ် ၅၄၄ ရောက်သောအခါ ခရစ်နှစ် စသည်။]
17.(ညီ) ဘေရိန္ဒ (သာသနာနှစ်-၅၅၀) (AD-6)
18.(သား) မုဉ္ဇလ (သာသနာနှစ်-၅၆၃) (AD-19)
19.(သား) ပုဏ္ဏ (သာသနာနှစ်-၅၇၈) (AD-34)
20.(ညီ) သာခ (သာသနာနှစ်-၅၈၁) (AD-37)
21.(သား) သာသိ (သာသနာနှစ်-၅၈၄) (AD-40)
22.(ညီ) ကန္န (သာသနာနှစ်-၅၉၁) (AD-47)
23.(နောင်တော်) ကန်တက် (သာသနာနှစ်-၅၉၃) (AD-49)
24.(နောင်တော်) ဘဇ္ဇ (သာသနာနှစ်-၅၉၅) (AD-51)
25.(သား) သုမုန္ဒရီမင်း (သာသနာနှစ်-၆၀၄) (AD-60)
26.(သား) အတိတျာ (သာသနာနှစ်-၆၂၉) (AD-65)
27.(ညီ) သုပညာနဂရဆိန္ဒ (သာသနာနှစ်-၆၁၂) (AD-68)
*[ဒေါဒါရသ ကိန်းကြုံ၍ သာသနာနှစ် ၆၂၂ကို ဖြိုကာ ကျန် ၂-နှစ်မှ ရေတွက်သည်။]
သရေခေတ္တရာ-ဒုတိယမင်းဆက်
-----------------------------------------
1. သီဟသူ
2. (ညီ) ကျစွာ
3. စောရန်နောင်
4. မျက်နှာရှည်
5. မထီးလို (လု)
6. လုပ်ပြာ (ဖျာ)
7. စုကတေး
8. မင်းရဲကျော်စွာ
9. သီဟသူ
10.စောရွှေခွက်
11.နရပတိ
12.(သာယာ၀တီ)
13.မင်းကြီးဆင်များ
14.ညီတော်သတိုး
15.မင်းစောဆင်ဖြူရှင်
16.သားတော် မင်းတရား
17.နရပတိ
18.မင်းခေါင်
19.မင်းတရားကျွန်တော် သတိုး
20.သတိုးမင်းစော
ပုဂံမင်းဆက်
-------------------
(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
(၆) ပိုက်သေဉ်လည် (ကောဇာသက္ကရာဇ် ၂၄၆ နှစ်)
(၇) သေဉ်လည်ကြောင် (ကောဇာသက္ကရာဇ် ၂၆၆-နှစ်)
(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
(၁၀) မုက္ခမန် အမတ် (၂) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)
(၁၁) သူရဲ အမတ် (၃) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)
(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ- ၄၁၆-နှစ်)
(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)
(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)
(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)
(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)
(၂၈) သိန်ခွန် (သိန်းစွန်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၉၆)
(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
(၃၂) ထွန်လတ် (မွန်လတ်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၁၄၇)
(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)
(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
(၄၇) မင်းရှင်စော <ထီးနန်းမရ>
(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကို၀င်ရောက်တိုက်ခိုက်သည်။
(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄) [2]
ပင်းယမင်းဆက်
-----------------------
1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂)
2.မင်းဆက်(၁) တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း
3.(၂) ဥဇနာ (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း
4.(၃) ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း
5.(၄) ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း
6.(၅) နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း
7.(၆) ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း
စစ်ကိုင်းမင်းဆက်
-------------------------
(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃၀)
(၂) တရဖျားကြီး (ကောဇာ ၆၉၈၊ ခရစ် ၁၃၃၆)
(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉)
(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း)
(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း)
(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅)
(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်၍သီးခြားခွဲထုတ်
်ထားခြင်းမရှိပါ
မဂဒူး မင်းဆက်
-----------------------
မဂဒူးမင်းဆက်(၁၂၈၇-၁၅၃၉)
ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန်
ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး
(ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည်
မဂဒူး ကိုအစွဲပြုကာ ၄င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊
ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။
1.ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး (၁၂၈၇-၁၂၉၆)
2.ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်
်(၁၂၉၆-၁၃၁၀)
3.စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄)
4.စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁)
ဇိတ်ပွန်(၇ ရက်)
5.စောအဲကံကောင်း(၄၉ ရက်)
6.ဗညားအဲလော(၁၃၃၁-၁၃၄၈)
7.ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃)
8.ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁)
9.ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း
(၁၄၂၃-၁၄၂၆)
10.ပထမဗညားရံ(၁၄၂၆-၁၄၄၆)
11.ဗညားဗရူး(၁၄၄၆-၁၄၅၀)
11.ဗညားကျန်းထော(၁၄၅၀-၁၄၅၃)
12.လိပ်မွတ်ထော(၇ လ)
13.ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)
၀ိဟာရဒဝေီ(၁၄၅၃-၁၄၇၂)
14.ဓမၼေစတီ(၁၄၇၂-၁၄၉၂)
15.ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)
16.သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)
ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။
၄င်းတို့မှာ ဟံသာ၀တီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး
အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့်
ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘ၀မှ တပင်ရွှေထီးအားပုန်ကန်ပြီး
သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ
တို့ဖြစ်သည်။သမိန်ထောရာမမှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး
နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။
အင်း၀မင်းဆက်
------------------------
သတိုးဆက်ဟုလည်းခေါ်သည်။
**********
(၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
(၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈)
(၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (ဆင်ဖြူရှင် တရဖျား)
(၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁)
(၅)ဆင်ဖြူရှင်သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃)
(၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
(၇)ကလေးကျေးတောင်ညို
(ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
မိုးညှင်းဆက်
********
(၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
(၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈) (ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး)
(၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ)
(၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇) (မြစည်းခုံဒါယကာ မဟာသီဟသူရ)
(၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉) (တံတားဦးဘုရား ဒါယကာ)
(၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁)
ရှမ်း ၃ဆက်
********
(၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆) (ရှမ်းစလုံစော်ဘွား)
(၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁) (ခုံမှိုင်းစော်ဘွား)
(၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇) (ရှမ်းမိုးဗြဲစော်ဘွား)
(၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁) (စလင်း စည်သူကျော်ထင်)
(၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄) (လောကနာထစေတီ ဒါယကာ)
(၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ)
(၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄)
(၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ)
(၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
(၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ)
(၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ)
(၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
(၂၆)နရာ၀ရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (အိမ်ရှေ့မင်း)
(၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၀မ်းဘဲအင်းစံမင်း)(၀ရဇေယ)
(၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (မန်အောင်ရတနာ ဒါယကာ)
(၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်)
(၃၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) (ဟံသာ၀တီပါမင်း)
တောင်ငူမင်းဆက်
---------------------------
တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာ၀တီ ခေတ်နှင့် ရောထွေးလေ့ရှိပါသည်။
တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ -ဟံသာ၀တီ
ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ အဆုံးသတ်သူလည်းဖြစ်သည်။
ထို့ပြင် ညောင်ရမ်းခေတ် တွင်လည်း ပါ၀င်ပါတ်သတ်မှု ရှိနေပြသောကြောင့် ဖြစ်သည်။
တောင်ငူရာဇ၀င်အကျဉ်း
-----------------------------
သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ်
အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္တပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။သို့သော်
အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီးညို
လက်ထက်တွင်ဖြစ်သည်။
တပင်ရွှေထီးနှင့်ဘုရင့်နောင် တို့ဟံသာ၀တီကို အောင်နိုင်ပြီး
ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင်
ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။
တပင်ရွှေထီး ဟံသာ၀တီတွင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။
ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။
နတ်သျှင်နောင်လက်ထက်တွင် တိုင်းတပါးသား ငဇင်ကာနှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ
ပုန်ကန်ရန်ကြိုးပမ်းသဖြင့် အနောက်ဖက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။
တောင်ငူမင်းဆက် ၈ ဆက်
-------------------------------
မင်းကြီးညို (ခရစ်-၁၄၈၆)(ကောဇာ-၈၄၈)
တပင်ရွှေထီး (ခရစ်-၁၅၃၁)(ကောဇာ-၈၉၃)
မင်းကြီးဆွေ (ခရစ်-၁၅၄၀)(ကောဇာ-၉၀၂)
တောင်ငူမင်းခေါင် (ခရစ်-၁၅၄၉)(ကောဇာ-၉၁၁)
ဘုရင့်နောင် (ခရစ်-၁၅၅၀)(ကောဇာ-၉၁၂)
နန္ဒဘုရင် (ခရစ်-၁၅၈၁)(ကောဇာ-၉၄၃)
မင်းရဲသီဟသူ (ခရစ်-၁၅၈၄)(ကောဇာ-၉၄၆)
နတ်သျှင်နောင် (ခရစ်-၁၆၀၉)(ကောဇာ-၉၇၁)တို့ဖြစ်ကြသည်။
ညောင်ရမ်းမင်းဆက်
----------------------------
့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။
ညောင်ရမ်းမင်းဆက် (၁၁)ဆက်
-------------------------------------
(၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉)
(၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
(၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈)
(၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂)
(၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်) (ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈)
(၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
(၇)နရာ၀ရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁)
(၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ) (၀မ်းဘဲအင်းစံမင်း) (၀ရဇေယ) (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂)
(၉)စနေမင်း (မာန်အောင်ရတနာ ဒါယကာ) (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)
(၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄)
(၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာ၀တီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃)
ကုန်းဘောင် မင်းဆက်
------------------------------
ညောင်ရမ်း(၁၀)ဆက်မြောက်မင်းဖြစ်သော ဟံသာ၀တီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်တွင် မင်းဆက်ပြတ်
သွားပြီး အလောင်းမင်းတရားဦးအောင်ဇေယျ
လက်ထက်မှ မင်းဆက်ပြန်လည်အသက်ဝင်
သည်ဟု ဆိုနိုင်သည်။
ကုန်းဘောင် မင်းဆက် (၁၁)ဆက်
----------------------------------------
၁။ အလောင်းမင်းတရား (ဦးအောင်ဇေယျ) (နန်းစံ ၁၇၅၂ -၁၇၆၀)
၂။နောင်တော်ကြီး (နန်းစံ ၁၇၆၀- ၁၇၆၃)
၃ ။ဆင်ဖြူရှင်-မြေဒူးမင်း(နန်းစံ ၁၇၆၃-၁၇၇၆)
၄ ။စဥ့်ကူးမင်း (နန်းစံ ၁၇၇၆-၁၇၈၂)
၅။ဖောင်းကားစားမောင်မောင် (နန်းစံ ၁၇၈၂ ဖေဖော်ဝါရီလအတွင်း - ၇- ရက်)
၆ ။ဗဒုံမင်း (ဘိုးတော်ဘုရား) (နန်းစံ ၁၇၈၂-၁၈၁၉)
၇ ။စစ်ကိုင်းမင်း (ဘကြီးတော်)
(နန်းစံ ၁၈၁၉-၁၈၃၇)
၈။သာယာ၀တီမင်း (နန်းစံ ၁၈၃၇-၁၈၄၆)
၉။ပုဂံမင်း (နန်းစံ ၁၈၄၆-၁၈၅၃)
၁၀။မင်းတုန်းမင်း (နန်းစံ ၁၈၅၃-၁၈၇၈)
၁၁။သီပေါမင်း (နန်းစံ ၁၈၇၈-၁၈၈၅ )