အာရှတိုက်သည် အကြီးမားဆုံး တိုက်မှာ အာရှတိုက်ဖြစ်ပါသည်။ ဧရိယာစုစုပေါင်းမှာ ၄၃,၈၁၀,၅၈၂ စတုရန်းကီလိုမီတာ (၁၅,၉၁၅,၃၆၀.၃ စတုရန်းမိုင်) ရှိပြီး ကမ္ဘာ့ ကုန်းမြေအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုံးမျှ ရှိကာ ကမ္ဘာ့မြေ၏ ၈.၆ ရာခိုင်နှုံး ရှိသည်ဟုသိရပါသည်။ နိုင်ငံ ၄၂ နိုင်ငံက အာရှတိုက်ဟူသည့် နယ်ပယ်အတွင်းတွင် တည်ရှိနေပြီး ဒေသကို အလယ်အာရှ(၅နိုင်ငံ)၊အရှေ့အာရှ(၆နိုင်ငံ)၊ အနောက်အာရှ(၁၂နိုင်ငံ)၊ တောင်အာရှ(၈နိုင်ငံ)၊ အရှေ့တောင်အာရှ(၁၁နိုင်ငံ) ဟူ၍ခွဲခြားထားသည်။
အလယ်အာရှ ၅ နိုင်ငံ
ကာဇတ်စတန်
ကာဂျစ္စတန်
တာဂျစ္စတန်
တာမင်နစ္စတန် နှင့်
ဥဇ္ဇဘကစ္စတန် တို့ဖြစ်ကြသည်။
အရှေ့အာရှတွင် ၆ နိုင်ငံ
တရုတ် (ဟောင်ကောင်နှင့် မကာအိုအပါအဝင်)
ဂျပန်
တောင်ကိုးရီးယား
မြောက်ကိုးရီးယား
မြန္ဂိုးလီးယား
ထိုင်ဝမ် (တရုတ်ထိုင်ပေအဖြစ်သာတရုတ်ကခေါ်ပြီး
ခွဲထွက်ရန်ကြိုးစားနေသည့်ဒေသအဖြစ် သတ်မှတ်သည်။သို့သော်
သီးခြားသံတမန်ဆက်ဆံမှုများ၊ စစ်တပ်၊ အစိုးရ၊ ပြည်သူ၊ နယ်နမိတ်အကျယ်အဝန်း
စသည်တို့ရှိသည့်အတွက် ၎င်းအားနိုင်ငံစာရင်းတွင် ထည့်သွင်းထားရသည်။
အနောက်အာရှ ၁၁ နိုင်ငံမှာ
ဘာရိန်း
ကာတာ
အီရတ်
အီရန်
ဆော်ဒီအာရေးဗီးယား
အိုမန်
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)
ဂျော်ဒန်
ယီမင်
ကူဝိတ်
လက်ဘနွန်
ဆီးရီးယား တို့ဖြစ်သည်။
အစ္စရေးမှာ အစက အာရှတိုက်တွင်ပါဝင်သော်လည်း နောင်တွင် ဥရောပတိုက်သို့ ပြောင်းရွေ့စာရင်းသတ်မှတ်သည်။
တောင်အာရှ ၈ နိုင်ငံမှာ
အိန္ဒိယ
သီရိလင်္ကာ
ဘင်္ဂလားဒေ့ရှ်
နီပေါလ်
ဘူတန်
ပါကစ္စတန်
အာဖဂန်နစ္စတန်
မာတီဗီးစ် တို့ဖြစ်ပါသည်။
မူလက အရှေ့ နှင့်အနောက် ပါကစ္စတန်နိုင်ငံအဖြစ် အိန္ဒိယနှင့်အတူ
အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့သော်လည်း နောင်တွင် အရှေ့ပါကစ္စတန်က
အနောက်ပါကစ္စတန်မှ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ် အဖြစ်တည်ထောင်ခဲ့သည်။
အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ
မြန်မာ
ထိုင်း
မလေးရှား
စင်္ကာပူ
ဗီယက်နမ်
အင်ဒိုနီးရှား
ကမ္ဘောဒီးယား
လာအို
ဖိလစ်ပိုင်
ဘရူနိုင်း
အရှေ့တီမော (တီမောလက်စတစ်)
တို့ဖြစ်ပါသည်။
အမည်မှည့်ခေါ်ခြင်း
ကုလသမဂ္ဂ geoscheme ၏ အာရှဒေသများ:
တောင်အာရှ
အနောက်အာရှ
အရှေ့တောင်အာရှ
အရှေ့အာရှ
အလယ်အာရှ
အာရှဆိုသောအမည်သည် ရှေးဟောင်းဂရိဘာသာစကားမှတဆင့် လက်တင်ဘာသာသို့
ဆင်းသက်လာပြီး ထိုမှတဖန် အင်္ဂလိပ်ဘာသာစကားသို့ ဆင်းသက်လာသည်။
အာရှဆိုသောအမည်အား ဘီစီ ၄၀၀ ခန့်က ဟီရိုဒိုးတပ်က အာရှမိုင်နားဟု
ပထမဆုံးညွှန်းဆိုကြောင်းတွေ့ရှိရသည်။
မြေမျက်နှာသွင်ပြင်နှင့် ပထဝီအနေအထား
ဘူမိဗေဒရှုထောင့်မှ ကြည့်လျှင် အာရှတိုက်သည် သက်တမ်းရင့် မြေထုများဖြင့် ဖွဲ့စည်းထားသည်။ တောင်ဘက်ပိုင်းမှ အာရေဘီယမ်နှင့် အိန္ဒိယကျွန်းဆွယ် နှင့် မြောက်ဘက်ပိုင်းမှ ဆိုက်ဘေးရီးယား ကုန်းမြင့်များသည် အာရှအလယ်ပိုင်းမှ တွန့်လိပ်နေသော ကုန်းတန်းများ ခင်တန်းများကို ကာရံလျှက်ရှိသည်။ အာရှတိုက်၏ အနောက်အလယ်ပိုင်းနှင့် ဆိုက်ဘေးရီးယား ဒေသအများစုကို မြောက်ဘက်မြေနိမ့်ဒေသ၊ ကျယ်ဝန်းလှသော တရုတ်ပြည် တိဘက်ဒေသကို (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၀၀ / မီတာ ၄၅၇၀ ) အလယ်ပိုင်း ကုန်းမြင့်ဒေသ၊ ယင်းကို ကမ္ဘာ့ အကြီးဆုံးတောင်တန်းများ ဖြစ်ကြသော ဟိမဝန္တာ၊ ခါရာကိုရမ်၊ ခွန်လွန်၊ သီယမ်ရှန်း နှင့် ဟိန္ဒူကွတ်(ရှ်) တို့က ဝန်းရံထားသည်။ တောင်ပိုင်း အိန္ဒိယနှင့် အာရေဘီယမ် ကျွန်းဆွယ်မှ တောင်ကြောများသည် ဂန်းဂျပ်(စ်)နှင့် တိဂရစ်-ယူဖရေးတီး(စ်) လွင်ပြင်များအထိ သွယ်တန်းမိသည်။ အာရှအရှေ့ပိုင်း မြေနိမ့်ဒေသ -တရုတ်ပြည်- တွင်လည်း တောင်ကုန်းများက အလယ်ပိုင်း ကုန်းမြင့်ဇုံအဖြစ် ပုံဖော်ပေးထားသည်။ နီပေါနိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထွတ် (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၃၅/ မီတာ ၈၈၅၀) နှင့် ဂျော်ဒန်နိုင်ငံမှ ကမ္ဘာ့အနိမ့်ဆုံး ပင်လယ်သေ (ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၃၁၂/ မီတာ ၄၀၀) တို့သည် အာရှတိုက်တွင်ပင် ရှိသည်။ မိခင်မြေထုမှ တိုးချဲ့ထွက်လာသော ကျွန်းဆွယ်များသည် သမုဒ္ဒရာများကို ပင်လယ်များ၊ ပင်လယ်အော်များအဖြစ် ကွဲသွားစေကုန်သည်။ ၎င်းတို့ကို မြောက်မြားလှစွာသော အာရှ၏ကျွန်းစုများက ဝန်းရံလျှက်ရှိသည်။ အာရှ၏ ကမ္ဘာ့အရှည်ဆုံး စာရင်းဝင် မြစ်များသည် တောင်ကုန်းများတွင် မြစ်ဖျားခံ၍ မြေနိမ့်ပိုင်းသို့ စီးဆင်းသွားကြသည်။ ထိုမြစ်များမှာ ဆိုက်ဘေးရီးယားမှ အော့(ဘ်)အားတိ(ရှ်)၊ ယန်နီဆဲ-အာဂါနာ နှင့် လီနာ၊ အရှေ့နှင့် ရှေ့တောင်အာရှမှ အမ်မော်-အာဂန်၊ ဟွမ်ဟီး၊ ကျန်ဇီ၊ မဲခေါင်၊ သံလွင်နှင့် ဧရာဝတီ၊ တောင်နှင့် အနောက်တောင်အာရှမှ ဂန်းဂျပ်(စ်)-ဗြဟ္မာပူထရာ၊ အင်ဒူး(စ်) နှင့် တိဂရစ်-ယူဖရေးတီး(စ်)၊ အာရှအလယ်ပိုင်းမှ အမူဒါယာ၊ ဆီးဒါယာ၊ အီလီနှင့် တာရင်း-၎င်းမြစ်များမှရေသည် ကုန်းတွင်းပိုင်းရေကန်များတွင် ရပ်တန့်ခြင်း (သို့) သဲကန္တာရမြေထဲသို့ စိမ့်ဝင်သွားကြသည်။ အေရယ်ပင်လယ်၊ ဘေကာရေကန် နှင့် ဘာကတ်(ရှ်)ရေကန် တို့သည် ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ကန်များ ဖြစ်ကြသည်။အာရှတိုက်၏ ရာသီဥတုမှာ အပူပြင်းဆုံး သဲကန္တာရမှ အေးခဲနေသော ရေခဲပြင်၊ မုတ်သုံမိုးကြောင့် အမြဲစိုစွတ်သော ဒေသများမှ အမြဲခြောက်သွေ့နေသော ဒေသများထိ ရာသီဥတုမျိုးစုံ တွေ့နိုင်သည်။
အာရှတိုက်ကို သိသာထင်ရှားလှသော ယဉ်ကျေးမှူ၊ စီးပွားရေး၊ နိုင်ငံရေး နှင့် ရုပ်ဝတ္ထုပစ္စည်း ဝိသေသလက္ခဏာများကို အခြေခံ၍ အပိုင်းခြောက်ပိုင်း ခွဲခြားထားသည်။ အနောက်တောင်ပိုင်း(အီရန်၊ အာရှမိုင်းနာမှ တူရကီ၊အာရေးဘီးယားကျွန်းဆွယ်၊ နှင့် မြေဆီကောင်းပြီး စိုက်ပျိုးရေးလွယ်ကူသော နိုင်ငံများ) ၏ ထင်ရှားသော လက္ခဏာများမှာ ခြောက်သွေ့သော ရာသီဥတုနှင့် ရေသွင်းစိုက်ပျိုးရေး၊ ကြီးကျယ်သော ရေနံလုပ်ငန်းနှင့် လွမ်းမိုးထားသော အစ္စလာမ်သာတို့ဖြစ်သည်။ အာရှတောင်ပိုင်း (အာဖဂန်နစ္စတန်နှင့် အိန္ဒိယနိုင်ငံမှ ဒေသအများစု) ကို ကြီးမားသော တောင်တန်းကြီးများက ကျန်အာရှအပိုင်းများနှင့် မတူအောင်ခွဲခြားပေးထားသည်။ အရှေ့တောင်ပိုင်း(အရှေ့တောင်အာရှ ကျွန်းဆွယ်များနှင့် မလေးကျွန်းစုများ)၏ ဝိသေသများမှာ မုတ်သုံရာသီဥတု၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရောနှောနေသော တရုတ်နှင့် အိန္ဒိယ ယဉ်ကျေးမှူများ၊ မြောက်များလှစွာသော လူမျိုးစုများ၊ ဘာသာစကားများ၊ နိုင်ငံရေးသမားများနှင့် ကိုးကွယ်ယုံကြည်မှူများ ဖြစ်ကြသည်။ အရှေ့ပိုင်း(တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ဂျပန် ကျွန်းများ)သည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းလောက်တွင်ရှိပြီး ၎င်းဒေသများ၏ ယဉ်ကျေးမှူမှာ ဟွမ်ဟီးနှင့် ကျန်ဇီမြစ်ကမ်းဘေး လူနေမှူပုံစံက ကြီးစွာလွှမ်းမိုးထားသည်။ ဤအရှေ့ပိုင်းသည် အာရှတိုက်၏ စက်မှူအထွန်းကားဆုံးဒေသ ဖြစ်သည်။ ဆိုက်ဘေးရီးယားနှင့် ရုရှားအရှေ့ဖျားပိုင်း ဒေသများကိုတော့(Russian asia) ရုရှ-အာရှအပိုင်းဟု သတ်မှတ်ကြသည်။ အာရှအလယ်ပိုင်း(ယခင်ဆိုဗီယက် ပြည်ထောင်စုမှ ပြိုကွဲထွက်လာသော-ရုရှအလယ်ပိုင်း-နိုင်ငံစု)မှာ ကန္တာရဆန်ဆန်နှင့် ရေသွင်းစိုက်ပျိုးရေး၊ ရှေးကျသော ရိုးရာမွေးမြူရေးတို့သည် ထင်ရှားသော လက္ခဏာများပင် ဖြစ်နေတော့သည်။
လူဦးရေ၊ ယဉ်ကျေးမှူနှင့် စီးပွားရေး
အာရှ၏ လူနေထူထပ်မှူသည် ရာသီဥတုနှင့် ရေမြေတောတောင် မြေမျက်နှာသွင်ပြင်ပေါ် မူတည်၍ ခွဲခြားနိုင်သည်။ မုတ်သုန်ရာသီဥတုနှင့် မြေဆီဩဇာ ပေါကြွယ်ဝသော နုံးတင်မြေနု လွင်ပြင်များသည် လူနေအထူထပ်ဆုံး ဒေသများအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းလွင်ပြင်များမှာ အိန္ဒိယမှ ဂန်းဂျပ်(စ်)လွင်ပြင်များ၊ တရုတ်ပြည်မှ ကျန်ဇီနှင့် မြောက်ပိုင်းလွင်ပြင်များ၊ ဂျပန်မှနုံးတင်မြေနု လွင်ပြင်ငယ်များ၊ နှင့် မီးတောင် ပေါက်ကွဲမှူကြောင့် မြေဆီလွာ ကောင်းမွန်နေသော မလေးကျွန်းစုများ ဖြစ်ကြသည်။ မြို့ပြလူနေမှူစံနစ်မှာ စက်မှူဖွံ့ဖြိုးသော ဂျပန်၊ ကိုရီးယားနှင့် ထိုင်ဝမ် တို့တွင် အများဆုံးတွေ့နိုင်သည်။ အာရှလူဦးရေ၏ သုံးပုံနှစ်ပုံခန့်မှာ မွန်ဂိုမျိုးနွယ်များ ဖြစ်ကြသည်။ ကိုးကွယ်ကြသော အဓိကဘာသာများမှာ ဟိန္ဒူဝါဒ(အိန္ဒိယ)၊ထေရဝါဒ ဗုဒ္ဓဘာသာ(သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လော)၊ ဒလိုင်းလားမားဝါဒခေါ် တိဘက်ဗုဒ္ဓဘာသာ(မွန်ဂိုလီးယားနှင့် တရုတ် အထူးသဖြင့် တိဗက်)၊ အရှေ့အာရှ ဗုဒ္ဓဝါဒ(တရုတ်နှင့် ကိုရီးယားတွင် ကွန်ဖြူးရှပ်ဝါဒ၊ ရှာမန်ဝါဒ၊ တာအိုဝါဒ များနှင့် ရောထွေးနေပြီး ဂျပန်တွင် ကွန်ဖြူးရှပ်ဝါဒ၊ ရှင်တိုဝါဒ တို့နှင့် ရောပြွန်းနေသည်။ အစ္စလာမ်ဝါဒ(အနောက်တောင်နှင့် တောင်အာရှ၊ အာရှအနောက်အလယ်ပိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား)၊ ကတ်သိုလစ်ဝါဒ(ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် ဗီယက်နမ်) တို့ဖြစ်ကြသည်။ သစ်တောထူထပ်သော အာရှတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းတို့ကို အဓိက စီးပွားအဖြစ် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသများတွင် နေရာအတည်တကျ မရှိသော တောင်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးသော ရွာများ ။ စက်မှူလုပ်ငန်းနှင့် ဂရုတစိုက် စပါးစိုက်ပျိုးရေးကို အာရှတိုက်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ မြစ်ကမ်း၊ ချောင်းကမ်းတစ်လျှောက် လွင်ပြင်များတွင် အတွေ့ရများသည်။ ဒေသအများ၏ ပူလွန်း အေးလွန်းသော ရာသီဥတုနှင့် မညီညာသော မြေပြင်အနေအထားများကြောင့် အာရှတိုက်၏ ၁၀% ခန့်သာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးကြသည်။ လူဦးရေ ထူထပ်လှသော နိုင်ငံများ(တရုတ်၊ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ဂျပန်)တွင် အစားအစာများ၏ အဓိကသီးနှံ စပါးကို ပြည်တွင်းစားသုံးမှူအတွက် စိုက်ပျိုးကြသည်။ လူဦးရေ အလွန်မများသော(ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်)နိုင်ငံတို့တွင် စပါးကို ပြည်တွင်း စားသုံးရန်သာမက အဓိက နိုင်ငံခြားပို့ကုန်အဖြစ် စိုက်ပျိုးကြသည်။ အာရှတိုက်၏ အခြား အဓိကသီးနှံများမှာ ဂျုံ၊ ပဲအမျိုးမျိုး၊ ကြံ၊ ဝါ၊ ဂုံလျှော်၊ ပိုးစာပင်၊ ရာဘာ၊ လ္ဘက်နှင့် အုန်း တို့ဖြစ်ကြပါသည်။ စိုက်ပျိုးရေးကို ပင်မစီးပွားရေးအဖြစ် လုပ်ကိုင်နေသော အာရှနိုင်ငံများတွင် လျှပ်စစ်မီး၊ ကျွမ်းကျင်လုပ်သား၊ ခေတ်မီ သယ်ယူပို့ဆောင်ရေး၊ ကုန်ချောပစ္စည်း ထုတ်လုပ်နိုင်မှူတို့၌ စက်မှူနိင်ငံများကဲ့သို့ပင် တိုးတက်လှသည်။ ဂျပန်၊ တရုတ်၊ ရုရှအာရှနိုင်ငံများ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူရကီ၊ နှင့် အစ္စရေးနိုင်ငံတို့သည် စက်မှူထွန်းကားသော နိုင်ငံများ ဖြစ်ကြသည်။ ဂျပန်နှင့် အာရှနဂါးလေးကောင် ဟုခေါ်ဆိုကြသော ထိုင်ဝမ်၊ ကိုရီးယား၊ စင်္ကာပူနှင့် ဟောင်ကောင် နိုင်ငံများသည် အာရှတိုက်မှ ထင်ရှားသော စက်မှုနိုင်ငံများ အဖြစ် ထင်ရှားသည်။ လုပ်အားခ ဈေးပေါသော ထိုင်း၊ အင်ဒိုနီးရှားနှင့် တရုတ်ပြည်တောင်ပိုင်း ဒေသများသည်လည်း ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုနိင်ငံများ ဖြစ်လာစေဖို့ ချီတက်နေကြသည်။ ၎င်းစက်မှုနိုင်ငံများတွင် ရထားလမ်းများလည်း ကောင်းစွာတိုးတက်သည်။ ဂျပန်၊ အန္ဒိယ၊ တရုတ်နှင့် ရုရှအာရှ နိင်ငံများတွင် အလွန်ရှည်သော ရထားလမ်းများနှင့် ရထားလမ်း မိုင်ပေါင်းများစွာ ဖောက်လုပ်ထားပြီးဖြစ်သည်။ အာရှနိုင်ငံများ၏ ဝင်ငွေကို အဓိက အထောက်အကူပြုသော လုပ်ငန်းမှာ တွင်းထွက်ပစ္စည်းများ တင်ပို့ခြင်း ဖြစ်သည်။ အနောက်တောင်အာရှ၊ အလယ်အာရှနှင့် အင်ဒိုနီးရှား တို့မှ ရေနံ ; မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားမှ သံဖြူ ; အိန္ဒိယမှ မန်းဂနိ(စ်) ;တူရကီနှင့် ဖိလစ်ပိုင်မှ ခရိုမိုက် ; တရုတ်မှ တန်စတင်၊ ကျောက်မီးသွေး၊ ဆီနှင့် ခနောက်စိမ်းတို့သည် အာရှတိုက်နိုင်ငံများ၏ ဝင်ငွေအထောက်အကူပြု ပို့ကုန်ပစ္စည်းများ ဖြစ်သည်။
နောက်ခံသမိုင်းအကျဉ်း ပြင်ဆင်
အာရှတိုက်သည် ကမ္ဘာ့ရှေးအကျဆုံး လူနေမှုစံနစ်များ ယဉ်ကျေးမှုများ
ထွန်းကားခဲ့သော အရပ်ဖြစ်သည်။ ဆူမာ၊ ဘေဘီလုံ၊ အက်စ်ဆီးရီးယား၊ မီဒီယာနှင့်
ပါရှားတို့သည် အလွန်ရှေးကျသော လူနေမှုစံနစ်များ၊ ယဉ်ကျေးမှုများ
ထွန်းကားခဲ့ရာ အင်ပါယာများအဖြစ် ကျော်ကြားသည်။ ၎င်းဒေသများနှင့်
အနောက်တောင် အာရှတွင် အစ္စလာမ် လူနေမှုစံနစ် ထွန်းကားနေချိန် အရှေ့ဘက်တွင်
အိန္ဒိယ၊ တရုတ်နှင့် ဂျပန်တို့၏ လူနေမှုပုံစံများ ပျံ့နှံ့လာပေသည်။
နောက်ပိုင်းတွင် နေရာ အတည်တကျမရှိ လှည့်လည်သွားလာ နေထိုင်ကြသောဟန်၊
မွန်ဂိုနှင့် တာ့ခ် လူမျိုးစုများသည်လည်း မြောက်ပိုင်းနှင့် အလယ်ပိုင်း
ဒေသများတွင် အင်ပါယာများ တည်ထောင်လာကြသည်။ ၁၃ ရာစုနှင့် ၁၄ ရာစုများတွင်
၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ အင်အားအကောင်းဆုံး အနေအထား
ရောက်ခဲ့သော်လည်း အဆုံးတွင် အနောက်သို့ပြောင်းရွှေ့နေထိုင်ကြခြင်းဖြင့်ပင်
အဆုံးသတ်လေသည်။ မွန်ဂိုများ တန်ခိုးကြီးထွားချိန်တွင် ဥရောပမှ ရှေးဦး
ခရီးသွားများ ယင်းဒေသသို့ ရောက်ရှိခဲ့ကြသည်။ ထိုခရီးသွားများထဲတွင်
အီတလီနိုင်ငံသား မာကိုပိုလိုမှာ ထင်ရှားသည်။ ၁၄၉၈ခုနှစ်၊
ပေါ်တူဂီနိုင်ငံသား စွန့်စားရှာဖွေသူ ဗာစကိုဒဂါးမား အိန္ဒိယနိုင်ငံသို့
ရေကြောင်းမှ ရောက်ရှိလာမှုသည် အာရှတိုက်တွင် ဥရောပတိုက်သားများ၏
နယ်ချဲ့မှုအစပင် ဖြစ်တော့သည်။ ၁၆၄၀ တွင် ရုရှမှ ကော့ဆက်စ်သည်
ဆိုက်ဘေးရီးယားကို ကျော်ဖြတ်ပြီး ပစိဖိတ်ဒေသတိုင် အာရှမြောက်ပိုင်းကို
ကျူးကျော် ဝင်ရောက်လာသည်။ ၁၇ ရာစုတွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ရ်ှနှင့်
ပေါ်တူဂီမှ ကုန်သွယ်မှုလုပ်ငန်း ကုမ္ပဏီများ အိန္ဒိယ
ကမ်းရိုးတန်းတစ်လျှောက်၊ အရှေ့တောင်အာရှနှင့် တရုတ်ပြည်တို့တွင်
ပြိုင်ဆိုင်မှုများ ကြီးထွားလာခဲ့ပြီး ရလဒ်မှာ အာရှမြေပေါ်တွင်
ဥရောပနိုင်ငံသားများ၏ စီးပွားရေး ကြိုးကိုင်ခြယ်လှယ်မှုများ
ပိုမိုများပြားလာခဲ့သည်။ အချင်းချင်း ပဋိပက္ခဖြစ်မှူများအပေါ် အကျိုးရှိရှိ
အသုံးချတတ်ခြင်း၊ စက်မှုတော်လှန်ရေးမှ ရရှိလာသော နည်းပညာ အသစ်များကို
အသုံးချနိုင်ခြင်း တို့မှ ရှေးဦးစွာ အိန္ဒိယနိုင်ငံဒေသအချို့ ၊ထို့နောက်
အနောက်တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ နိင်ငံရေး နယ်ပယ်များတွင်
ဝင်ရောက်စွက်ဖက်ပြီး ဥရောပသားတို့ အာဏာ ချဲ့ထွင်လာခဲ့ကြသည်။
၎င်းတို့ဖိအားပေးမှုကြောင့် တရုတ်နှင့် ဂျပန်တို့လည်း ကုန်သွယ်ရေး
လမ်းကြောင်းများ ဖွင့်ခဲ့ကြရသည်။ ပထမကမ္ဘာစစ်အပြီး အာရှတွင်
ဥရောပသားတို့စိုးမိုးမှု လျော့ကျသွားပြီး အာရှသားတို့လည်း အမျိုးသားရေး
စိတ်ဓာတ်များ နိုးကြားလာပြီး ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် နှင့်
လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားမှုများ စတင်လာကြသည်။ ဒုတိယကမ္ဘာစစ်နှင့်
ပဋိပက္ခများ၊ တိုက်ပွဲများအကြား အာရှသည် များစွာ အထိနာခဲ့သည်။
စစ်ပြီးနှစ်များတွင် ဖြစ်ကြသော နိုင်ငံတကာ ပဋိပက္ခများသည် စတင်သန္ဓေတည်ရာ
ဥရောပမှ အာရှသို့ ကမ္ဘာစစ်နှစ်ခုလုံး၏ ဗဟိုအဖြစ် ပြောင်းလာခဲ့ကြသည်။
ကမ္ဘာစစ်များအပြီး စစ်အေးတိုက်ပွဲကာလ၊ ကိုလိုနီနိုင်ငံငယ်များ အဖြစ်မှ
လွတ်မြောက်လာခဲ့ကြသော အာရှနိုင်ငံများတွင် စစ်ပွဲငယ်များ
ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံရေးတည်ငြိမ်မှု မရှိပေ။ ထိုစစ်ပွဲငယ်များထဲမှ
အာရပ်နှင့် အစ္စရေးတိုက်ပွဲများ၊ ကိုရီးယားစစ်ပွဲ၊ ကွန်မြူနစ်အစိုးရများ
ပေါ်ထွက်လာသော တရုတ်၊ ကိုရီးယားနှင့် ဗီယက်နမ် စစ်ပွဲများမှာ
တင်းမာမှုအားကြီးသော စစ်ပွဲများဖြစ်သည်။ ၁၉၅၀ပြည့် နှစ်များ၌ ဥရောပသည်
အာရှတွင် တရုတ်နှင့် ဆိုဗီယက်တို့လွှမ်းမိုးမှုကို တန်ပြန်ရန် ဘဂ္ဂဒတ်
ပဋိညာဉ်(နောင်တွင် ဗဟိုစာချုပ်အဖွဲ့-စီတီအို)၊ အရှေ့တောင်အာရှ စာချုပ်အဖွဲ့
(ဆီးတိုး) စသော မဟာမိတ်အဖွဲ့များ ဖွဲ့စည်းခဲ့ကြပြန်သည်။ သို့သော် ၁၉၆၀တွင်
တရုတ်နှင့် ဆိုဗီယက် အက်ကွဲကြောင်း ထခဲ့ပြီး ကြိုးပမ်းလာခဲ့သော ဖက်စပ်
ကွန်မြူနစ်တိုက်ကြီး စီမံကိန်းအိပ်မက် ပျက်ပျယ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်
အပြီးတွင်လည်း အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်နှင့် နယ်သာလန်တို့သည် အာရှတွင်
အဓိကတပ်များအဖြစ် ဆက်လက် တပ်စွဲထားကြသည်။ သို့သော် စစ်ပြီးခေတ် အိန္ဒိယ၊
ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် အခြားအာရှနိုင်ငံများသည်
ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ပို၍လွတ်လပ်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန်
ကြိုးစားလာကြသည်။ ၁၉၆၀ နှင့် ၁၉၇၀နှစ်များတွင် အင်္ဂလန်က စူးအက်တူးမြောင်း
အရှေ့ဘက်ဒေသကို ပြန်လည်သိမ်းပိုက်ရန် ဆုံးဖြတ်ချက်၊ နှင့် အမေရိကန်က
ဗီယက်နမ်စစ်ပွဲတွင် အသာရနေမှုတို့သည် အနောက်တိုင်းသားများ အာရှတွင်
အာဏာချိန်ခွင်လျှာ ညှိနေမှူကို မီးမောင်းထိုးပြသလို ဖြစ်နေပေသည်။ တရုတ်၏
အင်အား ကြီးထွားလာမှုနှင့် ဆိုဗီယက်၏ အာရှနိုင်ငံများနှင့် ဆက်ဆံရေး
အရှိန်မြှင့် တိုးချဲ့လာမှု(အထူးသဖြင့် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း
အာရပ်နိုင်ငံများ)တို့သည် ဒေသတွင်း ကွန်မြူနစ်အုပ်စုနှင့်
ကွန်မြူနစ်ဆန့်ကျင်သော အုပ်စုတို့အကြား ဆန့်ကျင်ဘက် အင်အားစုများ
ယှဉ်ပြိုင်နေမှုဖြင့် အာရှ၏ မငြိမ်သက်မှုကို ပြသနေပြန်သည်။
အခြားသောအဖွဲ့များ၏ ၁၉၇၀-၁၉၈၀ နှစ်များ
ယှဉ်ပြိုင်မှုများကလည်း မတည်ငြိမ်သော အာရှကို ပိုမိုပီပြင်အောင်
သရုပ်ဖော်ပေး နေပြန်ပါသည်။ ပုံမှန်တိုးနေသော လူဦးရေတိုးနှုန်းသည်
အာရှနိုင်ငံများကို ဆင်းရဲမွဲတေမှူ သက်တမ်းရှည်စေခြင်း၊ ကျန်းမာရေး
စောင့်ရှောက်မှု လုံလောက်စွာ မပေးနိုင်ခြင်း၊ အလုပ်လက်မဲ့ဦးရေ
များပြားလာခြင်း၊ ထိုက်သင့်သော လုပ်အားခ မခံစားရခြင်း၊ သမိုင်းတလျှောက်
ကြုံတွေ့လာရသော ခါးသီးမှုများကြောင့် ဒေသတွင်း နိုင်ငံအချင်းချင်း အထိမခံ
သည်းခံမှုနည်းပါးခြင်း စသည့်အချက်များ ရလဒ်ဖြစ်စေသည်။ စစ်အင်အား
တောင့်တင်းကြသော အီရန်၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့်
အင်ဒိုနီးရှားတို့က အားနည်းသော အိမ်နီးချင်းနိုင်ငံများကို
ကျူးကျော်ခြင်းကြောင့် ဒေသတွင်း နိုင်ငံများအကြား တိုက်ပွဲငယ်ကလေးများ
အပါတ်စဉ် ဖြစ်ပွားစေသည်။ ၁၉၇၃-၁၉၇၄ နှင့် ၁၉၇၉
ခုနှစ်များတွင် အရှေ့အလယ်ပိုင်း နိုင်ငံများဦးဆောင်မှုဖြင့် ဖြစ်ပွားခဲ့သော
ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းဖြစ်မှူ၊ ဂျပန်နှင့် အာရှနဂါးများ
စီးပွားရေးအင်အား တောင့်တင်းလာမှုတို့သည် စောစောပိုင်း ကမ္ဘာ့စီးပွားရေးကို
စိုးမိုးထားသော အမေရိကန်နှင့် ဥရောပနိုင်ငံများကို တုန်လှုပ်
ခြောက်ခြားစေခဲ့သည်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာသော လူမျိုးစုများ၊ နယ်စပ်နယ်နိမိတ်
သတ်မှတ်မှု မမျှတခြင်းများကြောင့် အိန္ဒိယမှ ဒေသအချို့၊
အရှေ့အလယ်ပိုင်းနိုင်ငံများ၊ နီပေါနှင့် မြန်မာနိင်ငံတို့မှာ ဒေသတွင်း
ပဋိပက္ခများ၊ ပြည်တွင်း ပဋိပက္ခများဖြင့် မအေးချမ်းခဲ့ပေ။ ၁၉၉၀
အာဖဂန်နစ္စတန်တွင် ၎င်းတို့ပင် အသာရပြီး နိုင်ငံကို အုပ်ချုပ်ခဲ့ကြသည်။
၁၉၉၀ တွင် မအောင်မြင်သော အာဖဂန်နစ္စတန်ကို ကျူးကျော်မှူကြောင့်
ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခြင်းသည် စစ်အေးတိုက်ပွဲကို
အငွေ့ပျံစေခဲ့ပြီး အာရှအလယ်ပိုင်းတွင် လွတ်လပ်သော နိုင်ငံတစ်စုကို
မွေးဖွားပေးခဲ့သည်။ ၁၉၉၀ တွင် တရုတ်သည် စီးပွားရေး တိုးတက်မှူ အလွန်
အားကောင်းလာပြီး ဖွံ့ဖြိုးဆဲ အရှေ့တောင်အာရှ နိုင်ငံများမှာမူ တိုးတက်မှု
နှေးကွေးသွားသည်။ အင်ဒိုနီးရှား၏ စီးပွားပျက်ကပ်သည် ဆူဟာတိုကို
ထိုင်ခုံပေါ်မှ ဖယ်ရှားခဲ့ပြီး ဒီမိုကရေစီနိုင်ငံ အစပြုခဲ့သလို
လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုများ(အရှေ့တီမော၊
အာချဲနှင့် ပါပူဝါ) ရှိလာခဲ့သည်။ ၁၉၉၀ ၌ပင် တစ်ချိန်က အာရပ်-အစ္စရေး
ပဋိပက္ခတွင် တိုက်ခဲ့ကြသူများ အကြားတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ
ပေါ်ထွန်းလာနေပေသည်။
