MENU BAR

ကျေးဇူးတင်လွှာ

ဤဘလော့တွင်ဖော်ပြထားသော အကြောင်းအရာများသည် အင်တာနက်စာမျက်နှာ(Google၊ Facebook၊ Website၊ Youtube) ပေါ်ရှိ အကြောင်းအရာများကို ကူးယူပုံဖော်ထားခြင်းသာဖြစ်သည့်အတွက် မူရင်းပို့(စ်)ပိုင်ရှင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

နဝရတ်ကိုးပါး

နဝရတ်ကိုးပါး


 

ပတ္တမြား (Ruby)
မြ (Emerald)
စိန် (Diamond)
ကြောင် (Cat's eye stone)
နီလာ (Sapphire)
ဂေါ်မိတ် (Zircon or Garnet)
ဥဿဖယား (Topaz)
သန္တာ (Coral Stone)
ပုလဲ (Pearl) ဖြစ်သည်။


💎💎💎 ပတ္တမြား ဘုန်းတောက်၊  မြ ကျောက်အေးချမ်း   စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ၊    မဏိ နီလာ-မေတ္တာကဲချုပ်၊  ဂေါ်မိတ် ခွန်အား ၊   ဥသဖရား ကျန်းမာ၊ သန္တာ ကြီးကဲ၊  ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည် ကိုးထွေ နဝရတ် စွမ်းရည်တည်း။

မြန်မာလအမည်များ၏ အဓိပ္ပါယ်များ

 



၁။တန်ခူး... 
ဆရာကြီး ဦးဖိုးလတ်က ထန်းသီးတွေခူးတဲ့လမို့ ထန်းခူးလကနေ တန်ခူး ဖြစ်လာတယ်လို့ဆိုတယ်။

ပညာရှိတစ်ဦးဖြစ်တဲ့ လှေသင်းအတွင်းဝန် မင်းကတော့မိန်ရာသီကနေမိဿရာသီပြောင်းတဲ့အတာကူးတဲ့လမို့တာကူးလ၊ နောက်တန်ခူးလ ဖြစ်သွားတယ်လို့ ပြောပါတယ်။

၂။ကဆုန်... 
ကုဆုန်ကနေဖြစ်လာတာတဲ့။ ကုဆိုတာ ရေ၊ ဆုန်က စုဆင်းခြင်း။ အဓိပ္ပာယ်ကတော့ ရေသွန်းလောင်းတဲ့လပေါ့။ဒါကြောင့်ကဆုန်လ ညောင်ရေသွန်းပွဲလို့ ဆိုခဲ့တာ မဟုတ်လား။

၃။နယုန်... နံယုန်ကနေနယုန်ဖြစ်တာ။နံကအချိန်ကာလ၊ယုန်ကမိုးရေစီးဆင်းခြင်းတဲ့။ ပြောရရင် မိုးရွာတဲ့လပေါ့။

၄။ဝါဆို...
ပါဠိစာပေမှာ ဝါ က နေခြင်းလေ၊ ဆို က ရွတ်ဆိုတာပေါ့။ ဒါကြောင့် ရဟန်းတော် များဟာ သူတို့ရဲ့ ကျောင်းမှာပဲနေပြီး တရားဓမ္မများကို ရွတ်ဆိုနေကြတဲ့လလို့ ဆိုလာတာပေါ့။

၅။ဝါခေါင်...
 ဝါတွင်း(၃)လရဲ့ အလယ်လ။ ကျောက်စာတွေမှာတော့ နံကာ တဲ့။ နံဆိုတာ အချိန်ကာလ။ ကာကလယ်ယာလုပ်ငန်းဆိုတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့လလို့ဆိုလိုတာပဲ။ မိုးတွေဖြိုင်ဖြိုင်ရွာတဲ့လမို့လယ်သမားကြီးတွေလယ်ယာလုပ်ငန်းခွင်ဝင်နေကြပါတယ်။

၆။တော်သလင်း... 
တော်ဆိုတာက မြင့်မြတ်တာကို ပြောတာ။သလင်းကသာလင်းကနေလာတာ လေ။သာယာထွန်းလင်းသည်လို့အဓိပ္ပာယ်ဖော် ဆောင်တာဆိုတော့ ရဟန်းသံဃာတွေ ဝါတွင်းကာလတရား အားထုတ်၊ ဗုဒ္ဓဘာသာဝင်တွေဥပုသ်သီလဆောက်တည်မှုအထွတ်အထိပ်ဆုံးရောက်တဲ့အချိန်မို့ မြင့်မြတ်တဲ့ သာသနာရောင်ဝါထွန်းလင်းတဲ့ လ။

၇။သီတင်းကျွတ်... ဥပုသ်သီတင်းဆောက်တည်မှု၊ရဟန်းသံဃာတွေကိုယ့်ကျောင်းမှာတင် တရားအားထုတ်မှုစတဲ့ ဝါတွင်းကာလပြီးမြောက်တဲ့ သီတင်းသုံးနေထိုင်ခြင်း ကျွတ်လွတ်တဲ့လမို့ သီတင်းကျွတ် လို့ ခေါ်တာပေါ့။

၈။တန်ဆောင်မုန်း... 
ရှေးတုန်းကတန်ဆောင်မှုန်းလို့ ရေးခဲ့တယ်တဲ့…။တန်ဆောင်ဆိုတာ မီးရှုးမီးတိုင်ကပေးတဲ့ အလင်းရောင်၊ မှုန်းက ချယ်မှုန်းသည်ဆိုတော့ ။ ကောင်းကင်ကြီးတစ်ခုလုံးဟာမီးရှုးမီးပန်း တွေနဲ့ချယ်မှုန်းထားလောက်အောင်လင်းလက်တဲ့လ ပေါ့။

မီးပုံးပျံတွေ စေလွှတ်ကြ၊မီးရှုးမီးပန်းတွေပစ် ဖောက်ကြတန်ဆောင်မုန်းလပြည့်မှာ ပြည့်တဲ့လက(၁၂)လရာသီမှာအပြည့်ဆုံးလတဲ့ လေ။ဒါကြောင့် ဆေးဖက်ဝင်သစ်ပင်တွေ ဆေးပေါင်းခတဲ့ညလို့တောင် ဆိုကြတယ်။

၉။ နတ်တော်...
 နတ်တွေကို ပူဇော်တဲ့လလို့ ပြောကြတယ်။ ဆရာကြီး ဦးဖိုးလတ်က မင်းမဟာဂီရိ မောင်နှမလူပူဇော်တယ်လို့ဆိုတယ်။ လှေသင်းအတွင်းဝန်မင်းက မဟာပိန္နဲနတ်ကို ပူဇော်တာတဲ့။

၁၀။ ပြာသို...
 ပြာသို ကလာတာတဲ့။ ပြာက ပျားဖယောင်းကိုပြောတာ။ သိုကသိုလှောင်ခြင်းပေါ့။ပျားဖယောင်းတွေအများဆုံးစု ဆောင်းလို့ရတဲ့လပေါ့။

၁၁။ တပို့တွဲ... ထန်းဖူးထန်းခိုင်ထန်းပိုတွဲကျတဲ့လမို့ထန်းပို့တွဲကနေတပို့တွဲဖြစ်လာတာပဲ။

၁၂။တပေါင်း... ထန်းရည်တွေလှိုင်လှိုင်ထွက်ပြီးထန်းရည်တွေကိုစုပေါင်းကျိုချက်တဲ့လမို့ ထန်းပေါင်း ကနေ တပေါင်း ဖြစ်လာတာတဲ့။ ။

မြန်မာမင်းဆက်များ

 


မြန်မာမင်းဆက်များ

*ပထမတကောင်းမင်းဆက်၊
*ဒုတိယတကောင်းမင်းဆက်၊
*သရေခေတ္တရာပထမမင်းဆက်၊
*သရေခေတ္တရာဒုတိယမင်းဆက်၊
*ပုဂံမင်းဆက်၊
*ပင်းယမင်းဆက်၊
*စစ်ကိုင်းမင်းဆက်၊
*မဂဒူး မင်းဆက်၊
*အင်း၀မင်းဆက်၊
*တောင်ငူမင်းဆက်၊
*မွန်မင်းဆက်၊
*ရခိုင်မင်းဆက်၊
*ညောင်ရမ်းမင်းဆက်၊
*ကုန်းဘောင် မင်းဆက်

ပထမ-တကောင်းမင်းဆက်
----------------------------------
1. အဘိရာဇာ
2. (သား) ကံရာဇာငယ်
3. (သား) ဇမ်ဗူဒီပရာဇာ
4. (သား) သင်္ဃသရာဇာ
5. (သား) ဝိပ်ပန်နရာဇာ
6. (သား) ဒေ၀တရာဇာ
7. (သား) မုနိကရာဇာ
8. (ဘထွေး) နာဂရာဇာ
9. (ညီ) ဣန္ဒရာဇာ
10. (သား) သမုတိရာဇာ
11. (သား) ဒေ၀ရာဇာ
12. (သား) မဟိန်ဒရာဇာ
13. (သား) ဝိမလရာဇာ
14. (သား) သီဟနုရာဇာ
15. (သား) မင်္ဂလရာဇာ
16. (သား) ကံသရာဇာ
17. (သား) ကလိင်္ဂရာဇာ
18. (သား) သင်းတွဲရာဇာ
19. (သား) သီဟဠရာဇာ
20. (ညီ) ဟံသရာဇာ
21. (သား) ဝရရာဇာ
22. (သား) အလောင်းရာဇာ
23. (သား) ကောလကရာဇာ
24. (သား) သူရိယရာဇာ
25. (သား) သင်ကြီးရာဇာ
26. (သား) တိုင်းချစ်ရာဇာ
27. (သား) မဓုရာဇာ
28. (သား) မင်းလှကြီးရာဇာ
29. (သား) သံသုသီဟရာဇာ
30. (သား) ဓနင်္ဂရာဇာ
31. (သား) ဟိန်ဒရာဇာ
32. (သား) မောရိယရာဇာ
33. (သား) ဘိန္နကရာဇာ တို့ဖြစ်သည်။

ဒုတိယ-တကောင်းမင်းဆက်
------------------------------------
1. သတိုးဇမ္ဗူဒီပဓဇရာဇာမင်း
2. သတိုးတိုင်းသ ရာဇာမင်း
3. သတိုးရထားရမင်း
4. သတိုးတံခွန်ရမင်း
5. သတိုးလှံပျံရမင်း
6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)
7. သတိုးဂဠုန်ရမင်း
8. သတိုးနဂါးရမင်း
9. သတိုးနဂါးနိုင်မင်း (-မောင်ပေါက်ကျိုင်း)
10.သတိုးရဟောလာမင်း
11.သတိုးပေါင်းရှည်မင်း
12.သတိုးကျောက်ရှည်မင်း
13.သတိုးဆင်လောက်မင်း
14.သတိုးဆင်ထိန်းမင်း
15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား
16.သတိုးမင်းကြီးမင်း
17.သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။

သရေခေတ္တရာ-ပထမမင်းဆက်
---------------------------------------
1.မဟာသမ္ဘာ၀ (သာသနာနှစ်-၆၀) (BC-484)
2.(ညီ) စူဠာသမ္ဘာ၀ (သာသနာနှစ်-၆၆) (BC-478)
3.(သား) ဒွတ္တဘောင် (သာသနာနှစ်-၁၀၁) (BC-443)
4.(သား) ဒွတ္တရန် (သာသနာနှစ်-၁၇၁) (BC-373)
5.(သား) ရန်ပေါင် (သာသနာနှစ်-၂၁၆) (BC-328)
6.(သား) ရန်မန် (သာသနာနှစ်-၂၆၁) (BC-283)
7.(သား) ရက္ခန် (သာသနာနှစ်-၃၀၈) (BC-236)
8.(သား) ခန်လောင်း (သာသနာနှစ်-၃၃၆) (BC-208)
9.(သား) လက်ခိုင် (သာသနာနှစ်-၃၆၉) (BC-175)
10.(သား) သိရိခန် (သာသနာနှစ်-၃၉၉) (BC-145)
11.(သား) သီရိရာဇ် (သာသနာနှစ်-၄၂၇) (BC-117)
12.ငတပါး (သာသနာနှစ်-၄၄၆) (BC-98)
13.(သား) ပါပိရန် (သာသနာနှစ်-၄၉၇) (BC-47)
14.(သား) ရန်မုက္ခ (သာသနာနှစ်-၅၁၇) (BC-27)
15.(သား) ရန်သိင်္ခ (သာသနာနှစ်-၅၃၂ (BC-12)
16.(သား) ရန်မုဉ္ဇလိန္ဒ (သာသနာနှစ်-၅၃၅) (BC-9)
*[သာသနာနှစ် ၅၄၄ ရောက်သောအခါ ခရစ်နှစ် စသည်။]
17.(ညီ) ဘေရိန္ဒ (သာသနာနှစ်-၅၅၀) (AD-6)
18.(သား) မုဉ္ဇလ (သာသနာနှစ်-၅၆၃) (AD-19)
19.(သား) ပုဏ္ဏ (သာသနာနှစ်-၅၇၈) (AD-34)
20.(ညီ) သာခ (သာသနာနှစ်-၅၈၁) (AD-37)
21.(သား) သာသိ (သာသနာနှစ်-၅၈၄) (AD-40)
22.(ညီ) ကန္န (သာသနာနှစ်-၅၉၁) (AD-47)
23.(နောင်တော်) ကန်တက် (သာသနာနှစ်-၅၉၃) (AD-49)
24.(နောင်တော်) ဘဇ္ဇ (သာသနာနှစ်-၅၉၅) (AD-51)
25.(သား) သုမုန္ဒရီမင်း (သာသနာနှစ်-၆၀၄) (AD-60)
26.(သား) အတိတျာ (သာသနာနှစ်-၆၂၉) (AD-65)
27.(ညီ) သုပညာနဂရဆိန္ဒ (သာသနာနှစ်-၆၁၂) (AD-68)
*[ဒေါဒါရသ ကိန်းကြုံ၍ သာသနာနှစ် ၆၂၂ကို ဖြိုကာ ကျန် ၂-နှစ်မှ ရေတွက်သည်။]

သရေခေတ္တရာ-ဒုတိယမင်းဆက်
-----------------------------------------

1. သီဟသူ
2. (ညီ) ကျစွာ
3. စောရန်နောင်
4. မျက်နှာရှည်
5. မထီးလို (လု)
6. လုပ်ပြာ (ဖျာ)
7. စုကတေး
8. မင်းရဲကျော်စွာ
9. သီဟသူ
10.စောရွှေခွက်
11.နရပတိ
12.(သာယာ၀တီ)
13.မင်းကြီးဆင်များ
14.ညီတော်သတိုး
15.မင်းစောဆင်ဖြူရှင်
16.သားတော် မင်းတရား
17.နရပတိ
18.မင်းခေါင်
19.မင်းတရားကျွန်တော် သတိုး
20.သတိုးမင်းစော

ပုဂံမင်းဆက်
-------------------
(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
(၆) ပိုက်သေဉ်လည် (ကောဇာသက္ကရာဇ် ၂၄၆ နှစ်)
(၇) သေဉ်လည်ကြောင် (ကောဇာသက္ကရာဇ် ၂၆၆-နှစ်)
(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
(၁၀) မုက္ခမန် အမတ် (၂) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)
(၁၁) သူရဲ အမတ် (၃) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)
(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ- ၄၁၆-နှစ်)
(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)
(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)
(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)
(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)
(၂၈) သိန်ခွန် (သိန်းစွန်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၉၆)
(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
(၃၂) ထွန်လတ် (မွန်လတ်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၁၄၇)
(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)
(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
(၄၇) မင်းရှင်စော <ထီးနန်းမရ>
(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကို၀င်ရောက်တိုက်ခိုက်သည်။
(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄) [2]

ပင်းယမင်းဆက်
-----------------------
1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂)
2.မင်းဆက်(၁) တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း
3.(၂) ဥဇနာ (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း
4.(၃) ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း
5.(၄) ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း
6.(၅) နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း
7.(၆) ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း

စစ်ကိုင်းမင်းဆက်
-------------------------
(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃၀)
(၂) တရဖျားကြီး (ကောဇာ ၆၉၈၊ ခရစ် ၁၃၃၆)
(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉)
(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း)
(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း)
(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅)
(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်၍သီးခြားခွဲထုတ်
်ထားခြင်းမရှိပါ

မဂဒူး မင်းဆက်
-----------------------
မဂဒူးမင်းဆက်(၁၂၈၇-၁၅၃၉)
ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူး ကိုအစွဲပြုကာ ၄င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။

1.ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး (၁၂၈၇-၁၂၉၆)
2.ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်
(၁၂၉၆-၁၃၁၀)
3.စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄)
4.စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁)
ဇိတ်ပွန်(၇ ရက်)
5.စောအဲကံကောင်း(၄၉ ရက်)
6.ဗညားအဲလော(၁၃၃၁-၁၃၄၈)
7.ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃)
8.ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁)
9.ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း
(၁၄၂၃-၁၄၂၆)
10.ပထမဗညားရံ(၁၄၂၆-၁၄၄၆)
11.ဗညားဗရူး(၁၄၄၆-၁၄၅၀)
11.ဗညားကျန်းထော(၁၄၅၀-၁၄၅၃)
12.လိပ်မွတ်ထော(၇ လ)
13.ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)
၀ိဟာရဒဝေီ(၁၄၅၃-၁၄၇၂)
14.ဓမၼေစတီ(၁၄၇၂-၁၄၉၂)
15.ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)
16.သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)
ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ ၄င်းတို့မှာ ဟံသာ၀တီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘ၀မှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။သမိန်ထောရာမမှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။

အင်း၀မင်းဆက်
------------------------
သတိုးဆက်ဟုလည်းခေါ်သည်။
**********
(၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
(၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈)
(၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (ဆင်ဖြူရှင် တရဖျား)
(၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁)
(၅)ဆင်ဖြူရှင်သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃)
(၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
(၇)ကလေးကျေးတောင်ညို
(ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)

မိုးညှင်းဆက်
********
(၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
(၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈) (ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး)
(၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ)
(၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇) (မြစည်းခုံဒါယကာ မဟာသီဟသူရ)
(၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉) (တံတားဦးဘုရား ဒါယကာ)
(၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁)

ရှမ်း ၃ဆက်
********
(၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆) (ရှမ်းစလုံစော်ဘွား)
(၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁) (ခုံမှိုင်းစော်ဘွား)
(၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇) (ရှမ်းမိုးဗြဲစော်ဘွား)

(၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁) (စလင်း စည်သူကျော်ထင်)
(၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄) (လောကနာထစေတီ ဒါယကာ)
(၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ)
(၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄)
(၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ)
(၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
(၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ)
(၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ)
(၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
(၂၆)နရာ၀ရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (အိမ်ရှေ့မင်း)
(၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၀မ်းဘဲအင်းစံမင်း)(၀ရဇေယ)
(၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (မန်အောင်ရတနာ ဒါယကာ)
(၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်)
(၃၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) (ဟံသာ၀တီပါမင်း)

တောင်ငူမင်းဆက်
---------------------------
တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာ၀တီ ခေတ်နှင့် ရောထွေးလေ့ရှိပါသည်။   တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ -ဟံသာ၀တီ ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ  အဆုံးသတ်သူလည်းဖြစ်သည်။
ထို့ပြင်  ညောင်ရမ်းခေတ် တွင်လည်း ပါ၀င်ပါတ်သတ်မှု ရှိနေပြသောကြောင့် ဖြစ်သည်။

တောင်ငူရာဇ၀င်အကျဉ်း
-----------------------------
သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္တပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီးညို လက်ထက်တွင်ဖြစ်သည်။
တပင်ရွှေထီးနှင့်ဘုရင့်နောင် တို့ဟံသာ၀တီကို အောင်နိုင်ပြီး  ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။
တပင်ရွှေထီး  ဟံသာ၀တီတွင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။
ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။
နတ်သျှင်နောင်လက်ထက်တွင် တိုင်းတပါးသား ငဇင်ကာနှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ
ပုန်ကန်ရန်ကြိုးပမ်းသဖြင့် အနောက်ဖက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။

တောင်ငူမင်းဆက် ၈ ဆက်
-------------------------------
မင်းကြီးညို (ခရစ်-၁၄၈၆)(ကောဇာ-၈၄၈)
တပင်ရွှေထီး (ခရစ်-၁၅၃၁)(ကောဇာ-၈၉၃)
မင်းကြီးဆွေ (ခရစ်-၁၅၄၀)(ကောဇာ-၉၀၂)
တောင်ငူမင်းခေါင် (ခရစ်-၁၅၄၉)(ကောဇာ-၉၁၁)
ဘုရင့်နောင် (ခရစ်-၁၅၅၀)(ကောဇာ-၉၁၂)
နန္ဒဘုရင် (ခရစ်-၁၅၈၁)(ကောဇာ-၉၄၃)
မင်းရဲသီဟသူ (ခရစ်-၁၅၈၄)(ကောဇာ-၉၄၆)
နတ်သျှင်နောင် (ခရစ်-၁၆၀၉)(ကောဇာ-၉၇၁)တို့ဖြစ်ကြသည်။

ညောင်ရမ်းမင်းဆက်
----------------------------
့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။
ညောင်ရမ်းမင်းဆက် (၁၁)ဆက်
-------------------------------------
(၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉)
(၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
(၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈)
(၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂)
(၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်) (ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈)
(၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
(၇)နရာ၀ရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁)
(၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ) (၀မ်းဘဲအင်းစံမင်း) (၀ရဇေယ) (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂)
(၉)စနေမင်း (မာန်အောင်ရတနာ ဒါယကာ) (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)
(၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄)
(၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာ၀တီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃)

ကုန်းဘောင် မင်းဆက်
------------------------------
ညောင်ရမ်း(၁၀)ဆက်မြောက်မင်းဖြစ်သော ဟံသာ၀တီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်တွင် မင်းဆက်ပြတ်
သွားပြီး အလောင်းမင်းတရားဦးအောင်ဇေယျ
လက်ထက်မှ မင်းဆက်ပြန်လည်အသက်ဝင်
သည်ဟု ဆိုနိုင်သည်။

ကုန်းဘောင် မင်းဆက် (၁၁)ဆက်
----------------------------------------
၁။ အလောင်းမင်းတရား (ဦးအောင်ဇေယျ) (နန်းစံ ၁၇၅၂ -၁၇၆၀)
၂။နောင်တော်ကြီး (နန်းစံ ၁၇၆၀- ၁၇၆၃)
၃ ။ဆင်ဖြူရှင်-မြေဒူးမင်း(နန်းစံ ၁၇၆၃-၁၇၇၆)
၄ ။စဥ့်ကူးမင်း (နန်းစံ ၁၇၇၆-၁၇၈၂)
၅။ဖောင်းကားစားမောင်မောင် (နန်းစံ ၁၇၈၂ ဖေဖော်ဝါရီလအတွင်း - ၇- ရက်)
၆ ။ဗဒုံမင်း (ဘိုးတော်ဘုရား) (နန်းစံ ၁၇၈၂-၁၈၁၉)
၇ ။စစ်ကိုင်းမင်း (ဘကြီးတော်)
(နန်းစံ ၁၈၁၉-၁၈၃၇)
၈။သာယာ၀တီမင်း (နန်းစံ ၁၈၃၇-၁၈၄၆)
၉။ပုဂံမင်း (နန်းစံ ၁၈၄၆-၁၈၅၃)
၁၀။မင်းတုန်းမင်း (နန်းစံ ၁၈၅၃-၁၈၇၈)
၁၁။သီပေါမင်း (နန်းစံ ၁၈၇၈-၁၈၈၅ )

ကမ္ဘာ့ အကျယ်ပြန့်ဆုံး Asia အာရှတိုက်

 

အာရှတိုက်သည် အကြီးမားဆုံး တိုက်မှာ အာရှတိုက်ဖြစ်ပါသည်။ ဧရိယာစုစုပေါင်းမှာ ၄၃,၈၁၀,၅၈၂ စတုရန်းကီလိုမီတာ (၁၅,၉၁၅,၃၆၀.၃ စတုရန်းမိုင်) ရှိပြီး ကမ္ဘာ့ ကုန်းမြေအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုံးမျှ ရှိကာ ကမ္ဘာ့မြေ၏ ၈.၆ ရာခိုင်နှုံး ရှိသည်ဟုသိရပါသည်။ နိုင်ငံ ၄၂ နိုင်ငံက အာရှတိုက်ဟူသည့် နယ်ပယ်အတွင်းတွင် တည်ရှိနေပြီး ဒေသကို အလယ်အာရှ(၅နိုင်ငံ)၊အရှေ့အာရှ(၆နိုင်ငံ)၊ အနောက်အာရှ(၁၂နိုင်ငံ)၊ တောင်အာရှ(၈နိုင်ငံ)၊ အရှေ့တောင်အာရှ(၁၁နိုင်ငံ) ဟူ၍ခွဲခြားထားသည်။

အလယ်အာရှ ၅ နိုင်ငံ

ကာဇတ်စတန်
ကာဂျစ္စတန်
တာဂျစ္စတန်
တာမင်နစ္စတန် နှင့်
ဥဇ္ဇဘကစ္စတန် တို့ဖြစ်ကြသည်။

အရှေ့အာရှတွင် ၆ နိုင်ငံ

တရုတ် (ဟောင်ကောင်နှင့် မကာအိုအပါအဝင်)
ဂျပန်
တောင်ကိုးရီးယား
မြောက်ကိုးရီးယား
မြန္ဂိုးလီးယား
ထိုင်ဝမ် (တရုတ်ထိုင်ပေအဖြစ်သာတရုတ်ကခေါ်ပြီး ခွဲထွက်ရန်ကြိုးစားနေသည့်ဒေသအဖြစ် သတ်မှတ်သည်။သို့သော် သီးခြားသံတမန်ဆက်ဆံမှုများ၊ စစ်တပ်၊ အစိုးရ၊ ပြည်သူ၊ နယ်နမိတ်အကျယ်အဝန်း စသည်တို့ရှိသည့်အတွက် ၎င်းအားနိုင်ငံစာရင်းတွင် ထည့်သွင်းထားရသည်။

အနောက်အာရှ ၁၁ နိုင်ငံမှာ

ဘာရိန်း
ကာတာ
အီရတ်
အီရန်
ဆော်ဒီအာရေးဗီးယား
အိုမန်
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)
ဂျော်ဒန်
ယီမင်
ကူဝိတ်
လက်ဘနွန်
ဆီးရီးယား တို့ဖြစ်သည်။
အစ္စရေးမှာ အစက အာရှတိုက်တွင်ပါဝင်သော်လည်း နောင်တွင် ဥရောပတိုက်သို့ ပြောင်းရွေ့စာရင်းသတ်မှတ်သည်။

တောင်အာရှ ၈ နိုင်ငံမှာ

အိန္ဒိယ
သီရိလင်္ကာ
ဘင်္ဂလားဒေ့ရှ်
နီပေါလ်
ဘူတန်
ပါကစ္စတန်
အာဖဂန်နစ္စတန်
မာတီဗီးစ် တို့ဖြစ်ပါသည်။
မူလက အရှေ့ နှင့်အနောက် ပါကစ္စတန်နိုင်ငံအဖြစ် အိန္ဒိယနှင့်အတူ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့သော်လည်း နောင်တွင် အရှေ့ပါကစ္စတန်က အနောက်ပါကစ္စတန်မှ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ် အဖြစ်တည်ထောင်ခဲ့သည်။

အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ

မြန်မာ
ထိုင်း
မလေးရှား
စင်္ကာပူ
ဗီယက်နမ်
အင်ဒိုနီးရှား
ကမ္ဘောဒီးယား
လာအို
ဖိလစ်ပိုင်
ဘရူနိုင်း
အရှေ့တီမော (တီမောလက်စတစ်)
တို့ဖြစ်ပါသည်။

အမည်မှည့်ခေါ်ခြင်း

ကုလသမဂ္ဂ geoscheme ၏ အာရှဒေသများ:
  တောင်အာရှ
  အနောက်အာရှ
  အရှေ့တောင်အာရှ
  အရှေ့အာရှ
  အလယ်အာရှ
အာရှဆိုသောအမည်သည် ရှေးဟောင်းဂရိဘာသာစကားမှတဆင့် လက်တင်ဘာသာသို့ ဆင်းသက်လာပြီး ထိုမှတဖန် အင်္ဂလိပ်ဘာသာစကားသို့ ဆင်းသက်လာသည်။ အာရှဆိုသောအမည်အား ဘီစီ ၄၀၀ ခန့်က ဟီရိုဒိုးတပ်က အာရှမိုင်နားဟု ပထမဆုံးညွှန်းဆိုကြောင်းတွေ့ရှိရသည်။

မြေမျက်နှာသွင်ပြင်နှင့် ပထဝီအနေအထား

ဘူမိဗေဒရှုထောင့်မှ ကြည့်လျှင် အာရှတိုက်သည် သက်တမ်းရင့် မြေထုများဖြင့် ဖွဲ့စည်းထားသည်။ တောင်ဘက်ပိုင်းမှ အာရေဘီယမ်နှင့် အိန္ဒိယကျွန်းဆွယ် နှင့် မြောက်ဘက်ပိုင်းမှ ဆိုက်ဘေးရီးယား ကုန်းမြင့်များသည် အာရှအလယ်ပိုင်းမှ တွန့်လိပ်နေသော ကုန်းတန်းများ ခင်တန်းများကို ကာရံလျှက်ရှိသည်။ အာရှတိုက်၏ အနောက်အလယ်ပိုင်းနှင့် ဆိုက်ဘေးရီးယား ဒေသအများစုကို မြောက်ဘက်မြေနိမ့်ဒေသ၊ ကျယ်ဝန်းလှသော တရုတ်ပြည် တိဘက်ဒေသကို (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၀၀ / မီတာ ၄၅၇၀ ) အလယ်ပိုင်း ကုန်းမြင့်ဒေသ၊ ယင်းကို ကမ္ဘာ့ အကြီးဆုံးတောင်တန်းများ ဖြစ်ကြသော ဟိမဝန္တာ၊ ခါရာကိုရမ်၊ ခွန်လွန်၊ သီယမ်ရှန်း နှင့် ဟိန္ဒူကွတ်(ရှ်) တို့က ဝန်းရံထားသည်။ တောင်ပိုင်း အိန္ဒိယနှင့် အာရေဘီယမ် ကျွန်းဆွယ်မှ တောင်ကြောများသည် ဂန်းဂျပ်(စ်)နှင့် တိဂရစ်-ယူဖရေးတီး(စ်) လွင်ပြင်များအထိ သွယ်တန်းမိသည်။ အာရှအရှေ့ပိုင်း မြေနိမ့်ဒေသ -တရုတ်ပြည်- တွင်လည်း တောင်ကုန်းများက အလယ်ပိုင်း ကုန်းမြင့်ဇုံအဖြစ် ပုံဖော်ပေးထားသည်။ နီပေါနိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထွတ် (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၃၅/ မီတာ ၈၈၅၀) နှင့် ဂျော်ဒန်နိုင်ငံမှ ကမ္ဘာ့အနိမ့်ဆုံး ပင်လယ်သေ (ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၃၁၂/ မီတာ ၄၀၀) တို့သည် အာရှတိုက်တွင်ပင် ရှိသည်။ မိခင်မြေထုမှ တိုးချဲ့ထွက်လာသော ကျွန်းဆွယ်များသည် သမုဒ္ဒရာများကို ပင်လယ်များ၊ ပင်လယ်အော်များအဖြစ် ကွဲသွားစေကုန်သည်။ ၎င်းတို့ကို မြောက်မြားလှစွာသော အာရှ၏ကျွန်းစုများက ဝန်းရံလျှက်ရှိသည်။ အာရှ၏ ကမ္ဘာ့အရှည်ဆုံး စာရင်းဝင် မြစ်များသည် တောင်ကုန်းများတွင် မြစ်ဖျားခံ၍ မြေနိမ့်ပိုင်းသို့ စီးဆင်းသွားကြသည်။ ထိုမြစ်များမှာ ဆိုက်ဘေးရီးယားမှ အော့(ဘ်)အားတိ(ရှ်)၊ ယန်နီဆဲ-အာဂါနာ နှင့် လီနာ၊ အရှေ့နှင့် ရှေ့တောင်အာရှမှ အမ်မော်-အာဂန်၊ ဟွမ်ဟီး၊ ကျန်ဇီ၊ မဲခေါင်၊ သံလွင်နှင့် ဧရာဝတီ၊ တောင်နှင့် အနောက်တောင်အာရှမှ ဂန်းဂျပ်(စ်)-ဗြဟ္မာပူထရာ၊ အင်ဒူး(စ်) နှင့် တိဂရစ်-ယူဖရေးတီး(စ်)၊ အာရှအလယ်ပိုင်းမှ အမူဒါယာ၊ ဆီးဒါယာ၊ အီလီနှင့် တာရင်း-၎င်းမြစ်များမှရေသည် ကုန်းတွင်းပိုင်းရေကန်များတွင် ရပ်တန့်ခြင်း (သို့) သဲကန္တာရမြေထဲသို့ စိမ့်ဝင်သွားကြသည်။ အေရယ်ပင်လယ်၊ ဘေကာရေကန် နှင့် ဘာကတ်(ရှ်)ရေကန် တို့သည် ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ကန်များ ဖြစ်ကြသည်။အာရှတိုက်၏ ရာသီဥတုမှာ အပူပြင်းဆုံး သဲကန္တာရမှ အေးခဲနေသော ရေခဲပြင်၊ မုတ်သုံမိုးကြောင့် အမြဲစိုစွတ်သော ဒေသများမှ အမြဲခြောက်သွေ့နေသော ဒေသများထိ ရာသီဥတုမျိုးစုံ တွေ့နိုင်သည်။

အာရှတိုက်ကို သိသာထင်ရှားလှသော ယဉ်ကျေးမှူ၊ စီးပွားရေး၊ နိုင်ငံရေး နှင့် ရုပ်ဝတ္ထုပစ္စည်း ဝိသေသလက္ခဏာများကို အခြေခံ၍ အပိုင်းခြောက်ပိုင်း ခွဲခြားထားသည်။ အနောက်တောင်ပိုင်း(အီရန်၊ အာရှမိုင်းနာမှ တူရကီ၊အာရေးဘီးယားကျွန်းဆွယ်၊ နှင့် မြေဆီကောင်းပြီး စိုက်ပျိုးရေးလွယ်ကူသော နိုင်ငံများ) ၏ ထင်ရှားသော လက္ခဏာများမှာ ခြောက်သွေ့သော ရာသီဥတုနှင့် ရေသွင်းစိုက်ပျိုးရေး၊ ကြီးကျယ်သော ရေနံလုပ်ငန်းနှင့် လွမ်းမိုးထားသော အစ္စလာမ်သာတို့ဖြစ်သည်။ အာရှတောင်ပိုင်း (အာဖဂန်နစ္စတန်နှင့် အိန္ဒိယနိုင်ငံမှ ဒေသအများစု) ကို ကြီးမားသော တောင်တန်းကြီးများက ကျန်အာရှအပိုင်းများနှင့် မတူအောင်ခွဲခြားပေးထားသည်။ အရှေ့တောင်ပိုင်း(အရှေ့တောင်အာရှ ကျွန်းဆွယ်များနှင့် မလေးကျွန်းစုများ)၏ ဝိသေသများမှာ မုတ်သုံရာသီဥတု၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရောနှောနေသော တရုတ်နှင့် အိန္ဒိယ ယဉ်ကျေးမှူများ၊ မြောက်များလှစွာသော လူမျိုးစုများ၊ ဘာသာစကားများ၊ နိုင်ငံရေးသမားများနှင့် ကိုးကွယ်ယုံကြည်မှူများ ဖြစ်ကြသည်။ အရှေ့ပိုင်း(တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ဂျပန် ကျွန်းများ)သည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းလောက်တွင်ရှိပြီး ၎င်းဒေသများ၏ ယဉ်ကျေးမှူမှာ ဟွမ်ဟီးနှင့် ကျန်ဇီမြစ်ကမ်းဘေး လူနေမှူပုံစံက ကြီးစွာလွှမ်းမိုးထားသည်။ ဤအရှေ့ပိုင်းသည် အာရှတိုက်၏ စက်မှူအထွန်းကားဆုံးဒေသ ဖြစ်သည်။ ဆိုက်ဘေးရီးယားနှင့် ရုရှားအရှေ့ဖျားပိုင်း ဒေသများကိုတော့(Russian asia) ရုရှ-အာရှအပိုင်းဟု သတ်မှတ်ကြသည်။ အာရှအလယ်ပိုင်း(ယခင်ဆိုဗီယက် ပြည်ထောင်စုမှ ပြိုကွဲထွက်လာသော-ရုရှအလယ်ပိုင်း-နိုင်ငံစု)မှာ ကန္တာရဆန်ဆန်နှင့် ရေသွင်းစိုက်ပျိုးရေး၊ ရှေးကျသော ရိုးရာမွေးမြူရေးတို့သည် ထင်ရှားသော လက္ခဏာများပင် ဖြစ်နေတော့သည်။

လူဦးရေ၊ ယဉ်ကျေးမှူနှင့် စီးပွားရေး

အာရှ၏ လူနေထူထပ်မှူသည် ရာသီဥတုနှင့် ရေမြေတောတောင် မြေမျက်နှာသွင်ပြင်ပေါ် မူတည်၍ ခွဲခြားနိုင်သည်။ မုတ်သုန်ရာသီဥတုနှင့် မြေဆီဩဇာ ပေါကြွယ်ဝသော နုံးတင်မြေနု လွင်ပြင်များသည် လူနေအထူထပ်ဆုံး ဒေသများအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းလွင်ပြင်များမှာ အိန္ဒိယမှ ဂန်းဂျပ်(စ်)လွင်ပြင်များ၊ တရုတ်ပြည်မှ ကျန်ဇီနှင့် မြောက်ပိုင်းလွင်ပြင်များ၊ ဂျပန်မှနုံးတင်မြေနု လွင်ပြင်ငယ်များ၊ နှင့် မီးတောင် ပေါက်ကွဲမှူကြောင့် မြေဆီလွာ ကောင်းမွန်နေသော မလေးကျွန်းစုများ ဖြစ်ကြသည်။ မြို့ပြလူနေမှူစံနစ်မှာ စက်မှူဖွံ့ဖြိုးသော ဂျပန်၊ ကိုရီးယားနှင့် ထိုင်ဝမ် တို့တွင် အများဆုံးတွေ့နိုင်သည်။ အာရှလူဦးရေ၏ သုံးပုံနှစ်ပုံခန့်မှာ မွန်ဂိုမျိုးနွယ်များ ဖြစ်ကြသည်။ ကိုးကွယ်ကြသော အဓိကဘာသာများမှာ ဟိန္ဒူဝါဒ(အိန္ဒိယ)၊ထေရဝါဒ ဗုဒ္ဓဘာသာ(သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လော)၊ ဒလိုင်းလားမားဝါဒခေါ် တိဘက်ဗုဒ္ဓဘာသာ(မွန်ဂိုလီးယားနှင့် တရုတ် အထူးသဖြင့် တိဗက်)၊ အရှေ့အာရှ ဗုဒ္ဓဝါဒ(တရုတ်နှင့် ကိုရီးယားတွင် ကွန်ဖြူးရှပ်ဝါဒ၊ ရှာမန်ဝါဒ၊ တာအိုဝါဒ များနှင့် ရောထွေးနေပြီး ဂျပန်တွင် ကွန်ဖြူးရှပ်ဝါဒ၊ ရှင်တိုဝါဒ တို့နှင့် ရောပြွန်းနေသည်။ အစ္စလာမ်ဝါဒ(အနောက်တောင်နှင့် တောင်အာရှ၊ အာရှအနောက်အလယ်ပိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား)၊ ကတ်သိုလစ်ဝါဒ(ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် ဗီယက်နမ်) တို့ဖြစ်ကြသည်။ သစ်တောထူထပ်သော အာရှတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းတို့ကို အဓိက စီးပွားအဖြစ် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသများတွင် နေရာအတည်တကျ မရှိသော တောင်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးသော ရွာများ ။ စက်မှူလုပ်ငန်းနှင့် ဂရုတစိုက် စပါးစိုက်ပျိုးရေးကို အာရှတိုက်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ မြစ်ကမ်း၊ ချောင်းကမ်းတစ်လျှောက် လွင်ပြင်များတွင် အတွေ့ရများသည်။ ဒေသအများ၏ ပူလွန်း အေးလွန်းသော ရာသီဥတုနှင့် မညီညာသော မြေပြင်အနေအထားများကြောင့် အာရှတိုက်၏ ၁၀% ခန့်သာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးကြသည်။ လူဦးရေ ထူထပ်လှသော နိုင်ငံများ(တရုတ်၊ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ဂျပန်)တွင် အစားအစာများ၏ အဓိကသီးနှံ စပါးကို ပြည်တွင်းစားသုံးမှူအတွက် စိုက်ပျိုးကြသည်။ လူဦးရေ အလွန်မများသော(ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်)နိုင်ငံတို့တွင် စပါးကို ပြည်တွင်း စားသုံးရန်သာမက အဓိက နိုင်ငံခြားပို့ကုန်အဖြစ် စိုက်ပျိုးကြသည်။ အာရှတိုက်၏ အခြား အဓိကသီးနှံများမှာ ဂျုံ၊ ပဲအမျိုးမျိုး၊ ကြံ၊ ဝါ၊ ဂုံလျှော်၊ ပိုးစာပင်၊ ရာဘာ၊ လ္ဘက်နှင့် အုန်း တို့ဖြစ်ကြပါသည်။ စိုက်ပျိုးရေးကို ပင်မစီးပွားရေးအဖြစ် လုပ်ကိုင်နေသော အာရှနိုင်ငံများတွင် လျှပ်စစ်မီး၊ ကျွမ်းကျင်လုပ်သား၊ ခေတ်မီ သယ်ယူပို့ဆောင်ရေး၊ ကုန်ချောပစ္စည်း ထုတ်လုပ်နိုင်မှူတို့၌ စက်မှူနိင်ငံများကဲ့သို့ပင် တိုးတက်လှသည်။ ဂျပန်၊ တရုတ်၊ ရုရှအာရှနိုင်ငံများ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူရကီ၊ နှင့် အစ္စရေးနိုင်ငံတို့သည် စက်မှူထွန်းကားသော နိုင်ငံများ ဖြစ်ကြသည်။ ဂျပန်နှင့် အာရှနဂါးလေးကောင် ဟုခေါ်ဆိုကြသော ထိုင်ဝမ်၊ ကိုရီးယား၊ စင်္ကာပူနှင့် ဟောင်ကောင် နိုင်ငံများသည် အာရှတိုက်မှ ထင်ရှားသော စက်မှုနိုင်ငံများ အဖြစ် ထင်ရှားသည်။ လုပ်အားခ ဈေးပေါသော ထိုင်း၊ အင်ဒိုနီးရှားနှင့် တရုတ်ပြည်တောင်ပိုင်း ဒေသများသည်လည်း ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုနိင်ငံများ ဖြစ်လာစေဖို့ ချီတက်နေကြသည်။ ၎င်းစက်မှုနိုင်ငံများတွင် ရထားလမ်းများလည်း ကောင်းစွာတိုးတက်သည်။ ဂျပန်၊ အန္ဒိယ၊ တရုတ်နှင့် ရုရှအာရှ နိင်ငံများတွင် အလွန်ရှည်သော ရထားလမ်းများနှင့် ရထားလမ်း မိုင်ပေါင်းများစွာ ဖောက်လုပ်ထားပြီးဖြစ်သည်။ အာရှနိုင်ငံများ၏ ဝင်ငွေကို အဓိက အထောက်အကူပြုသော လုပ်ငန်းမှာ တွင်းထွက်ပစ္စည်းများ တင်ပို့ခြင်း ဖြစ်သည်။ အနောက်တောင်အာရှ၊ အလယ်အာရှနှင့် အင်ဒိုနီးရှား တို့မှ ရေနံ ; မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားမှ သံဖြူ ; အိန္ဒိယမှ မန်းဂနိ(စ်) ;တူရကီနှင့် ဖိလစ်ပိုင်မှ ခရိုမိုက် ; တရုတ်မှ တန်စတင်၊ ကျောက်မီးသွေး၊ ဆီနှင့် ခနောက်စိမ်းတို့သည် အာရှတိုက်နိုင်ငံများ၏ ဝင်ငွေအထောက်အကူပြု ပို့ကုန်ပစ္စည်းများ ဖြစ်သည်။

နောက်ခံသမိုင်းအကျဉ်း ပြင်ဆင်
အာရှတိုက်သည် ကမ္ဘာ့ရှေးအကျဆုံး လူနေမှုစံနစ်များ ယဉ်ကျေးမှုများ ထွန်းကားခဲ့သော အရပ်ဖြစ်သည်။ ဆူမာ၊ ဘေဘီလုံ၊ အက်စ်ဆီးရီးယား၊ မီဒီယာနှင့် ပါရှားတို့သည် အလွန်ရှေးကျသော လူနေမှုစံနစ်များ၊ ယဉ်ကျေးမှုများ ထွန်းကားခဲ့ရာ အင်ပါယာများအဖြစ် ကျော်ကြားသည်။ ၎င်းဒေသများနှင့် အနောက်တောင် အာရှတွင် အစ္စလာမ် လူနေမှုစံနစ် ထွန်းကားနေချိန် အရှေ့ဘက်တွင် အိန္ဒိယ၊ တရုတ်နှင့် ဂျပန်တို့၏ လူနေမှုပုံစံများ ပျံ့နှံ့လာပေသည်။ နောက်ပိုင်းတွင် နေရာ အတည်တကျမရှိ လှည့်လည်သွားလာ နေထိုင်ကြသောဟန်၊ မွန်ဂိုနှင့် တာ့ခ် လူမျိုးစုများသည်လည်း မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် အင်ပါယာများ တည်ထောင်လာကြသည်။ ၁၃ ရာစုနှင့် ၁၄ ရာစုများတွင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ အင်အားအကောင်းဆုံး အနေအထား ရောက်ခဲ့သော်လည်း အဆုံးတွင် အနောက်သို့ပြောင်းရွှေ့နေထိုင်ကြခြင်းဖြင့်ပင် အဆုံးသတ်လေသည်။ မွန်ဂိုများ တန်ခိုးကြီးထွားချိန်တွင် ဥရောပမှ ရှေးဦး ခရီးသွားများ ယင်းဒေသသို့ ရောက်ရှိခဲ့ကြသည်။ ထိုခရီးသွားများထဲတွင် အီတလီနိုင်ငံသား မာကိုပိုလိုမှာ ထင်ရှားသည်။ ၁၄၉၈ခုနှစ်၊ ပေါ်တူဂီနိုင်ငံသား စွန့်စားရှာဖွေသူ ဗာစကိုဒဂါးမား အိန္ဒိယနိုင်ငံသို့ ရေကြောင်းမှ ရောက်ရှိလာမှုသည် အာရှတိုက်တွင် ဥရောပတိုက်သားများ၏ နယ်ချဲ့မှုအစပင် ဖြစ်တော့သည်။ ၁၆၄၀ တွင် ရုရှမှ ကော့ဆက်စ်သည် ဆိုက်ဘေးရီးယားကို ကျော်ဖြတ်ပြီး ပစိဖိတ်ဒေသတိုင် အာရှမြောက်ပိုင်းကို ကျူးကျော် ဝင်ရောက်လာသည်။ ၁၇ ရာစုတွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ရ်ှနှင့် ပေါ်တူဂီမှ ကုန်သွယ်မှုလုပ်ငန်း ကုမ္ပဏီများ အိန္ဒိယ ကမ်းရိုးတန်းတစ်လျှောက်၊ အရှေ့တောင်အာရှနှင့် တရုတ်ပြည်တို့တွင် ပြိုင်ဆိုင်မှုများ ကြီးထွားလာခဲ့ပြီး ရလဒ်မှာ အာရှမြေပေါ်တွင် ဥရောပနိုင်ငံသားများ၏ စီးပွားရေး ကြိုးကိုင်ခြယ်လှယ်မှုများ ပိုမိုများပြားလာခဲ့သည်။ အချင်းချင်း ပဋိပက္ခဖြစ်မှူများအပေါ် အကျိုးရှိရှိ အသုံးချတတ်ခြင်း၊ စက်မှုတော်လှန်ရေးမှ ရရှိလာသော နည်းပညာ အသစ်များကို အသုံးချနိုင်ခြင်း တို့မှ ရှေးဦးစွာ အိန္ဒိယနိုင်ငံဒေသအချို့ ၊ထို့နောက် အနောက်တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ နိင်ငံရေး နယ်ပယ်များတွင် ဝင်ရောက်စွက်ဖက်ပြီး ဥရောပသားတို့ အာဏာ ချဲ့ထွင်လာခဲ့ကြသည်။ ၎င်းတို့ဖိအားပေးမှုကြောင့် တရုတ်နှင့် ဂျပန်တို့လည်း ကုန်သွယ်ရေး လမ်းကြောင်းများ ဖွင့်ခဲ့ကြရသည်။ ပထမကမ္ဘာစစ်အပြီး အာရှတွင် ဥရောပသားတို့စိုးမိုးမှု လျော့ကျသွားပြီး အာရှသားတို့လည်း အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာပြီး ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် နှင့် လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားမှုများ စတင်လာကြသည်။ ဒုတိယကမ္ဘာစစ်နှင့် ပဋိပက္ခများ၊ တိုက်ပွဲများအကြား အာရှသည် များစွာ အထိနာခဲ့သည်။ စစ်ပြီးနှစ်များတွင် ဖြစ်ကြသော နိုင်ငံတကာ ပဋိပက္ခများသည် စတင်သန္ဓေတည်ရာ ဥရောပမှ အာရှသို့ ကမ္ဘာစစ်နှစ်ခုလုံး၏ ဗဟိုအဖြစ် ပြောင်းလာခဲ့ကြသည်။ ကမ္ဘာစစ်များအပြီး စစ်အေးတိုက်ပွဲကာလ၊ ကိုလိုနီနိုင်ငံငယ်များ အဖြစ်မှ လွတ်မြောက်လာခဲ့ကြသော အာရှနိုင်ငံများတွင် စစ်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံရေးတည်ငြိမ်မှု မရှိပေ။ ထိုစစ်ပွဲငယ်များထဲမှ အာရပ်နှင့် အစ္စရေးတိုက်ပွဲများ၊ ကိုရီးယားစစ်ပွဲ၊ ကွန်မြူနစ်အစိုးရများ ပေါ်ထွက်လာသော တရုတ်၊ ကိုရီးယားနှင့် ဗီယက်နမ် စစ်ပွဲများမှာ တင်းမာမှုအားကြီးသော စစ်ပွဲများဖြစ်သည်။ ၁၉၅၀ပြည့် နှစ်များ၌ ဥရောပသည် အာရှတွင် တရုတ်နှင့် ဆိုဗီယက်တို့လွှမ်းမိုးမှုကို တန်ပြန်ရန် ဘဂ္ဂဒတ် ပဋိညာဉ်(နောင်တွင် ဗဟိုစာချုပ်အဖွဲ့-စီတီအို)၊ အရှေ့တောင်အာရှ စာချုပ်အဖွဲ့ (ဆီးတိုး) စသော မဟာမိတ်အဖွဲ့များ ဖွဲ့စည်းခဲ့ကြပြန်သည်။ သို့သော် ၁၉၆၀တွင် တရုတ်နှင့် ဆိုဗီယက် အက်ကွဲကြောင်း ထခဲ့ပြီး ကြိုးပမ်းလာခဲ့သော ဖက်စပ် ကွန်မြူနစ်တိုက်ကြီး စီမံကိန်းအိပ်မက် ပျက်ပျယ်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင်လည်း အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်နှင့် နယ်သာလန်တို့သည် အာရှတွင် အဓိကတပ်များအဖြစ် ဆက်လက် တပ်စွဲထားကြသည်။ သို့သော် စစ်ပြီးခေတ် အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် အခြားအာရှနိုင်ငံများသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ပို၍လွတ်လပ်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် ကြိုးစားလာကြသည်။ ၁၉၆၀ နှင့် ၁၉၇၀နှစ်များတွင် အင်္ဂလန်က စူးအက်တူးမြောင်း အရှေ့ဘက်ဒေသကို ပြန်လည်သိမ်းပိုက်ရန် ဆုံးဖြတ်ချက်၊ နှင့် အမေရိကန်က ဗီယက်နမ်စစ်ပွဲတွင် အသာရနေမှုတို့သည် အနောက်တိုင်းသားများ အာရှတွင် အာဏာချိန်ခွင်လျှာ ညှိနေမှူကို မီးမောင်းထိုးပြသလို ဖြစ်နေပေသည်။ တရုတ်၏ အင်အား ကြီးထွားလာမှုနှင့် ဆိုဗီယက်၏ အာရှနိုင်ငံများနှင့် ဆက်ဆံရေး အရှိန်မြှင့် တိုးချဲ့လာမှု(အထူးသဖြင့် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ)တို့သည် ဒေသတွင်း ကွန်မြူနစ်အုပ်စုနှင့် ကွန်မြူနစ်ဆန့်ကျင်သော အုပ်စုတို့အကြား ဆန့်ကျင်ဘက် အင်အားစုများ ယှဉ်ပြိုင်နေမှုဖြင့် အာရှ၏ မငြိမ်သက်မှုကို ပြသနေပြန်သည်။
အခြားသောအဖွဲ့များ၏ ၁၉၇၀-၁၉၈၀ နှစ်များ ယှဉ်ပြိုင်မှုများကလည်း မတည်ငြိမ်သော အာရှကို ပိုမိုပီပြင်အောင် သရုပ်ဖော်ပေး နေပြန်ပါသည်။ ပုံမှန်တိုးနေသော လူဦးရေတိုးနှုန်းသည် အာရှနိုင်ငံများကို ဆင်းရဲမွဲတေမှူ သက်တမ်းရှည်စေခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မပေးနိုင်ခြင်း၊ အလုပ်လက်မဲ့ဦးရေ များပြားလာခြင်း၊ ထိုက်သင့်သော လုပ်အားခ မခံစားရခြင်း၊ သမိုင်းတလျှောက် ကြုံတွေ့လာရသော ခါးသီးမှုများကြောင့် ဒေသတွင်း နိုင်ငံအချင်းချင်း အထိမခံ သည်းခံမှုနည်းပါးခြင်း စသည့်အချက်များ ရလဒ်ဖြစ်စေသည်။ စစ်အင်အား တောင့်တင်းကြသော အီရန်၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့က အားနည်းသော အိမ်နီးချင်းနိုင်ငံများကို ကျူးကျော်ခြင်းကြောင့် ဒေသတွင်း နိုင်ငံများအကြား တိုက်ပွဲငယ်ကလေးများ အပါတ်စဉ် ဖြစ်ပွားစေသည်။ ၁၉၇၃-၁၉၇၄ နှင့် ၁၉၇၉ ခုနှစ်များတွင် အရှေ့အလယ်ပိုင်း နိုင်ငံများဦးဆောင်မှုဖြင့် ဖြစ်ပွားခဲ့သော ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းဖြစ်မှူ၊ ဂျပန်နှင့် အာရှနဂါးများ စီးပွားရေးအင်အား တောင့်တင်းလာမှုတို့သည် စောစောပိုင်း ကမ္ဘာ့စီးပွားရေးကို စိုးမိုးထားသော အမေရိကန်နှင့် ဥရောပနိုင်ငံများကို တုန်လှုပ် ခြောက်ခြားစေခဲ့သည်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာသော လူမျိုးစုများ၊ နယ်စပ်နယ်နိမိတ် သတ်မှတ်မှု မမျှတခြင်းများကြောင့် အိန္ဒိယမှ ဒေသအချို့၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ နီပေါနှင့် မြန်မာနိင်ငံတို့မှာ ဒေသတွင်း ပဋိပက္ခများ၊ ပြည်တွင်း ပဋိပက္ခများဖြင့် မအေးချမ်းခဲ့ပေ။  ၁၉၉၀ အာဖဂန်နစ္စတန်တွင် ၎င်းတို့ပင် အသာရပြီး နိုင်ငံကို အုပ်ချုပ်ခဲ့ကြသည်။ ၁၉၉၀ တွင် မအောင်မြင်သော အာဖဂန်နစ္စတန်ကို ကျူးကျော်မှူကြောင့် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခြင်းသည် စစ်အေးတိုက်ပွဲကို အငွေ့ပျံစေခဲ့ပြီး အာရှအလယ်ပိုင်းတွင် လွတ်လပ်သော နိုင်ငံတစ်စုကို မွေးဖွားပေးခဲ့သည်။ ၁၉၉၀ တွင် တရုတ်သည် စီးပွားရေး တိုးတက်မှူ အလွန် အားကောင်းလာပြီး ဖွံ့ဖြိုးဆဲ အရှေ့တောင်အာရှ နိုင်ငံများမှာမူ တိုးတက်မှု နှေးကွေးသွားသည်။ အင်ဒိုနီးရှား၏ စီးပွားပျက်ကပ်သည် ဆူဟာတိုကို ထိုင်ခုံပေါ်မှ ဖယ်ရှားခဲ့ပြီး ဒီမိုကရေစီနိုင်ငံ အစပြုခဲ့သလို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုများ(အရှေ့တီမော၊ အာချဲနှင့် ပါပူဝါ) ရှိလာခဲ့သည်။ ၁၉၉၀ ၌ပင် တစ်ချိန်က အာရပ်-အစ္စရေး ပဋိပက္ခတွင် တိုက်ခဲ့ကြသူများ အကြားတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပေါ်ထွန်းလာနေပေသည်။

 


 

မြန်မာစကားပုံများ (အင်္ဂလိပ် - မြန်မာ) Proverbially in Myanmar

 

မြန်မာစကားပုံများ (အင်္ဂလိပ် - မြန်မာ)
 Proverbially in Myanmar

1. Health is better than wealth.
ကျန်းမာခြင်းက ချမ်းသာခြင်းထက် ပိုကောင်းတယ် ။

2. No pain ,no gain .
အနာမခံရင် အသာမစံရဘူး ။

3. Time and tide wait for no man.
အချိန်နှင့် ဒီရေသည် လူကိုမစောင့် ။

4. Where there's a will,there's a way.
လိုလျှင်ကြံဆ နည်းလမ်းရ ။

5. Birds of a feather flock together.
အသွင်မတူ အိမ်သူမဖြစ်။

6. Jack of all trade,master of none.
ဟိုစပ်စပ် ဒီစပ်စပ် ဘာမှမတတ် ။(တစ်ခုခုကိုအာရုံစိုက်ပါ )

7. Every cloud has a silver lining.
အဆိုးထဲမှာ အကောင်းရှိတယ် ။

8. Honesty is the best policy.
ရိုးသားခြင်းဟာ အကောင်းဆုံးမူဝါဒပဲ ။

9. A leopard can't change its spots.
ခွေးမြီးကောက် ကျည်တောက်စွပ် ၊ဗီဇကို ဖျောက်ရခက် ။

10. Too many cooks spoil the broth.
ဆရာများတော့ သားသေ။

11. Rome wasn't built in a day.
ခုရေတွင်းတူး ခုရေကြည်သောက်လို့မရ။

12. When in Rome,do as the Romans do.
ရောမရောက်ရင် ရောမလိုကျင့် ။

13. Love is blind.
အချစ်မှာ မျက်စိမရှိပါ ။

14. All's fair in love and war.
အချစ်နှင့်စစ်မှာ မတရားတာမရှိပါ ။

15. Great minds think alike.
ကြီးမြတ်သူတွေက အတွေးအခေါ်တူကြတယ် ။

16. Many hands make light work.
Tow heads are better then one.
တစ်ဦးတည်းယူသော်မရ အများနဲ့ယူသော်ရ၏ ။

17. Rose by any other name would smell as sweet.
နှင်းဆီပန်းကို ဘယ်လိုခေါ်ခေါ် သူ့ရနံ့က မွှေးမြဲမွှေးလျက်ပါပဲ ။

18. All that glitters is not gold./Every light is not the sun.
ဝါဝါမြင်တိုင်းရွှေလို့မထင်ပါနဲ့ ။

19. Beauty is a skin deep.
အလှတရားဆိုတာ အရေပြားတစ်ထောက်စာပါပဲ ။

20. Beauty is in the eye of the beholder.
အလှတရားဆိုတာ ကြည့်သူအပေါ်မူတည်တယ် ။

21. Enough is medicine, too much is harmful.
တန်လျှင်ဆေး လွန်ရင်ဘေး ။

22. Slow and steady win the race.
ဖြေးဖြေးမှန်မှန် အောင်ပွဲခံ ။

23. Well-begun is half done.
အစကောင်း အနှောင်းသေချာ ။

24. There's no place like home.
ကိုယ့်အိမ်ထက်ကောင်းတဲ့နေရာမရှိပါ ။

25. There's no time like the present.
လက်ရှိပစ္စုပ္ပန်အချိန်က အကောက်းဆုံးပါပဲ ။

26. Blood is thicker then water .
အရေးကြီးရင် သွေးနီးတယ်။

27. It's never too late to learn .
ပညာလို အိုသည်မရှိ ။

28. It's never too late to mend.
ပျက်အစဉ် ပြင်ခဏ ။

29. To err is human.
လူဆိုတာ မှားတတ်တယ် ။

30. The pen is mightier then the sword .
ကလောင်သွားက ဓားသွားထက် ပိုထက်တယ် ။

31. A swallow doesn't make a summer.
နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူး ။

32. Something is better then nothing.
ဘာမျှမရှိတာထက် နည်းနည်းရှိတာကောင်းတယ် ။

33. A friend in need is a friend indeed.
ဒုက္ခရောက်ချိန်မှာ ရှိတဲ့သူငယ်ချင်းဟာ မိတ်ဆွေအစစ်ပါ ။

34. Familiarity breeds contempt.
အရောဝင် အရိုသေတန်တယ် ။

35. Absence makes the heart grow fonder.
နီးတကျက်ကျက် ဝေးတသက်သက် ။

36. Out of sight , out of mind.
ကွယ်ရင်မေ့ တွေ့ရင်သေအောင်လွမ်း ။

37. A stitch in time saves nine.
အချိန်မီချုပ် အစုတ်သက်သာ ။

38. A wonder lasts nine days .
ကဲ့ရဲ့ (၇)ရက် ချီးမွမ်း(၇)ရက် ။

39. There's no smoke without fire.
မဟုတ်ဘဲနဲ့ မကျော်ဘူး ။

40. A bird in the hand is worth two in the bush.
လက်ရှိအခွင့်အရေးက အသေချာဆုံး အကောက်းဆုံးပါပဲ ။

41. Faint heart never wins fair lady.
သတ္တိမရှိသူဟာ မိန်းမလှလေးကို ပိုင်ဆိုင်ခွင့်မရှိနိုင်ဘူး ။

42. As you sow , so shall you reap.
ကိုယ်စိုက်ပျိုးတာ ကိုယ်ရိတ်သိမ်းရမယ်။

43. A miss is as good as a mile.
နည်းနည်းလွဲလည်း လွဲတာပဲ ။နည်းနည်းမှားလည်း မှားတာပဲ ။

44. You're only young once.
တဟ်သက်မှာ တစ်ခါပဲငယ်တယ် ။

45. You can't have your cake and eat it.
တစ်ချိန်တည်းမှာ နှစ်မျိုးလုပ်လို့မရ။

46. A rolling stone gathers no moss.
လိမ့်နေတဲ့ကျောက်တုံး ရေညှိမတက်။(သွေးနေတဲ့ဓား ထက်တယ်)

47. You can't teach an old dog new tricks.
ခွေးအိုကို လက်ပေးမသင်နဲ့ ။

48. Don't wash your dirty linen in public.
လူလယ်ကောင်မှာကိုယ့်ပေါင်ကို လှန်မထောင်းနဲ့ ။

49. Better late then never .
မလာတာထက်စာရင် နောက်ကျတာပိုကောင်းတယ်။

50. Silence is golden , speech is silver.
တိတ်တိတ်နေရင် ထောင်တန်တယ် ။

51. Still water runs deep.
တည်ငြိမ်နေတဲ့ရေက နက်တယ်။

52. Empty vessel makes the most noise.
မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်တယ် ။

53. Barking dogs seldom bite.
ဟောင်လွန်းသောခွေး လူမလေး ။

ဆရာဇော်လင်းအောင်
M.A(Eng:) Dip in ELT
 

 

ကမ္ဘာ့တိုက်ကြီးများအကြောင်း


၁။ အာရှတိုက် (အကြီးဆုံး) ၁၇၂၁၂၀၀၀ စ/မိုင်။
၂။ အာဖရိကတိုက် စ/မိုင် (၁၁) သန်းကျော်။
၃။ မြောက်အမေရိကတိုက် စ/မိုင် (၉) သန်းကျော်။
၄။ တောင်အမေရိကတိုက် စ/မိုင် (၈) သန်းကျော်။
၅။ ဥရောပတိုက် စ/မိုင် (၃) သန်း (၈) သိန်းကျော်။
၆။ ဩစတြေးလျတိုက်(အငယ်ဆုံးတိုက်) စ/မိုင် (၃) သန်း (၁)သိန်းကျော်။
၇။ အန္တာတိကတိုက်။
===============================
(ကမ္ဘာ့သမုဒ္ဒရာကြီးများ)

၁။ ပစိဖိတ်သမုဒ္ဒရာ(အကြီးဆုံး)။
၂။ အတ္တလန္တိတ်သမုဒ္ဒရာ။
၃။ အိန္ဒယသမုဒ္ဒရာ။
၄။ အာတိတ်သမုဒ္ဒရာ။
===============================
(နေစင်္ကြာဝဠာအတွင်းရှိဂြိုလ်ကြီးများ)

၁။ ဗဒ္ဓဟူးဂြိုလ် (Mercury)။
၂။ သောကြာဂြိုလ် (Venus)။
၃။ ကမ္ဘာဂြိုလ် (Earth)။
၄။ ကြာသပတေးဂြိုလ် (Jupiter)။
၅။ အဂါင်္ဂြိုလ် (Mars)။
၆။ စနေဂြိုလ် (Satun)။
၇။ ယူရေးနတ်ဂြိုလ် (Uranus)။
၈။ နပ်ပကျွန်းဂြိုလ် (Neptuns)
_____________________________________________

ကမ္ဘာ့အရှေ့ခြမ်းနှင့် အနှောက်ခြမ်းကို
ပိုင်းခြားထားသောမျဉ်း>(ဂရင်းနစ်မျဉ်း)

ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းကို
ပိုင်းခြားထားသောမျဉ်း>(အီကွေတာမျဉ်း)

ကမ္ဘာ့စံတော်ချိန်(၂)မျိုးမှာ
၁။ ဒေသစံတော်ချိန်။
၂။ ဂရင်းနစ်စံတော်ချိန်။

ကမ္ဘာ့သက်တမ်း>(၄၅၅၀)နှစ်သန်းပေါင်း။

ကမ္ဘာ့၏ အလေးချိန် (တန် သန်းပေါင်း)>(၆၀၀)။

ကမ္ဘာ့အကြီးဆုံး ရေတံခွန် -{နိုင်ရာဂါရာ}>(ကနေဒါ)။

ကမ္ဘာ့အကျယ်ဆုံး ရေတံခွန် -(ခွန်)>(အင်ဒိုချိုင်းနား ကျွန်းစွယ်)။

ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် -(အိန်ဂျယ်)>(ဗင်နီဇွဲလား)။

ကမ္ဘာ့အကြီးဆုံး ရေခဲမြစ်- (ဘီယက်မိုး) >(ကနေဒါ)။

ကမ္ဘာ့အကြီးဆုံး ကျွန်းစု-(အင်ဒိုနီးရှားကျွန်းစု)> {အင်ဒိုနီးရှား}။

(ကမ္ဘာ့လူဦးရေ- သန်း(၇၀၀၀)ကျော်)

ကမ္ဘာ့ပေါ်ရှိ နိုင်ငံပေါင်း-(၁၉၇) နိုင်ငံ။

ကမ္ဘာ့ ကုန် မြေ အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း>
(၅၇၅၀၆၀၀၀)။

ကမ္ဘာ့ ရေပြင် အကျယ်အဝန်း-စတုရန်းမိုင်ပေါင်း>
(၁၃၉၄၃၄၀၀၀)။